Saturday, November 2, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0


Sunday, September 1, 2013

စက်တင်ဘာလအတွက် (၇)ရက် သားသမီးဗေဒင်



တနင်္ဂနွေ သားသမီးများ

 

အခက်အခဲ အကြပ်အတည်းများမည်။ ပြီးစီးရမည့် အလုပ်အကိုင် များ မပြီးပြတ်ဘဲ တို့လို့တန်းလန်း ဖြစ်နေမည်။ သို့သော် အပေးအယူ အလွှဲအပြောင်း ကိစ္စများ အောင်မြင်မည်။ အိုးအိမ်  အဆောက်အဦး နှင့် ပတ်သက်ပြီး ဒုက္ခများမည်။ ပြဿနာပေါ်မည်။ ဦးခေါင်း မျက်စေ့ ဥပဒ်ပေးတတ်သည်။ ခေါင်းမကြာခဏ ကိုက်ခြင်း(သို့) မူးခြင်း ဖြစ်တတ်သည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ စာပေလုပ်ငန်း ၊ သတင်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုး လုပ်ကိုင်သူများ အလုပ်အကိုင်တိုးတက်မည်။ 
ပညာရေး ကံကောင်းနေမည်။ သားသမီး ရှိသူများ သားသမီးများအတွက် ဂုဏ်ယူစရာ ကိစ္စရပ်များ ပေါ်ပေါက်မည်။ ဆရာသမားအကြီးအကဲ၏ အကူအညီ မ,စမှုကို ရရှိနိုင်မည့် ကာလဖြစ်သည်။ ငွေ အထွက်များနေမည်။ ငွေနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ ကိစ္စများ ကြုံတတ်သည်။ ကျန်းမာရေး အတော်အတန် ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အာရုံကြော နှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ တိုးနိုင်သော ကာလဖြစ်တတ်သည်။ ကံဇာတာ အညံ့များသော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာပြုလိုပါက - မွေးနေ့တွင် အုန်းထမင်းချက်ပြီး ဘုရားတွင် ကပ်လှူလိုက်ပါ။ ညနေဖက်တွင် ကြံရည် ကပ်လှူပေးပါ။ ကြံရည်မရှိလျှင် သကြားလုံး ကပ်လှူပေးပါ။

Monday, August 19, 2013

ပင်လယ် နှင့် အိပ်ရာ




တစ်ခါက သူဌေးကြီးတစ်ယောက်ဟာ ပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာရင်း ကမ်းစပ်မှာ တံငါလှေတစ်စီးနဲ့ ပင်လယ်ထဲက ငါးဖမ်းရာကနေ ပြန်လာတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ပါတယ်။

သူဌေးကြီးက တံငါလူငယ်လေးကို နှုတ်ဆက်ပြီး စကားစမြည် ပြောကြပါတယ်။

သူဌေးကြီးက မေးတယ်။ “မင်း အဖိုး ရှိသေးလား”

တံငါ လူငယ်။ ။ “မရှိတော့ဘူးဗျ ၊ သေသွားပြီ”

သူဌေးကြီး။ ။ “ဘယ်လိုသေတာလဲ”

Thursday, August 15, 2013

မွေးနေ့ဗေဒင် တွက်ကြမယ် (၃)


“မွေးနေ့ဗေဒင်တွက်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးတွေကို ရေးလာတာ အပိုင်း (၁) နဲ့ (၂) နဲ့ တော့ ပြီးသွားပါပြီ။ နားလည်သူများပေမယ့် နားမလည်တဲ့ သူတွေလည်း ရှိပါတယ်။ မှန်ကန်မှုအပိုင်းကတော့ ခပ်သင့်သင့်ပေါ့နော်။ (၇၀)%လောက်တော့ မှန်ကြမှာပါ။ ဒီထက် မှန်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် ဒီလောက်လွယ်တဲ့နည်းတွေ တောင်မှ မှန်အောင်မတွက်နိုင်တော့ ခက်တဲ့နည်းတွေ တင်ပေးဖို့ စိတ်မကူးတော့ပါဘူး။

ပြီးခဲ့တဲ့ တွက်နည်း (၂)ခုစလုံးက “မဟာဘုတ်” တွက်နည်းတွေချည်းပါဘဲ။ ဒါကြောင့် မယဉ်ပါးသူတို့အတွက် ခက်ကောင်းခက်မယ်ပေါ့။

အခုတင်မယ့် နည်းလေးက မြန်မာနည်းမဟုတ်ဘဲ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး လွယ်သမှလည်း သိပ်လွယ်ပါတယ်။ ပထမဆင့် နဲ့ ဒုတိယဆင့် (၂)ဆင့်ရှိပြီး ပထမဆင့်ကို ရှေးဦးဖော်ပြပါ့မယ်။ အပေါင်းအနုတ် တတ်ရင် တွက်လို့ရပြီ။ မူလတန်းကလေးတောင်မှ တွက်တတ်မယ့် နည်းဖြစ်တယ်။ ကြည့်ကြရအောင်လား။

Tuesday, August 13, 2013

Blogspot သို့ ပြောင်းရန် ဆုံးဖြတ်ခြင်း

 

ဗေဒင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ compubaydathukhuma.com ကို တည်ထောင်ခဲ့တာ အခုဆိုရင် (၄)နှစ်ကျော် (၅)နှစ်ထဲ ရောက်လာပါပြီ။ ၀င်ကြည့်တဲ့ လူဦးရေပေါင်းကလည်း (၄)သန်းကျော် ရှိသွားပါပြီ။ (တကယ်အမှန်အကန်ပါ) 

ဒီ (၄)နှစ်ကျော်အတွင်းမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတွေကတော့ “နည်းပညာ” ပြဿနာဘဲ ဖြစ်ပါတယ်။ ကျွန်တော်က “ဆရာတေးအေးရိပ်” မြှောက်ပေးလို့သာ blog တစ်ခု ထောင်ဖြစ်သွားတာ။ အွန်လိုင်း/အင်တာနက်/ဘလော့ဂ် နည်းပညာက လောက်လောက်လားလား ဘာမှ သိတာမဟုတ်ဘူး။ ဒါကြောင့် ပထမဆုံး blogspot မှာ ၀င်ရေးတယ်။ နောက်တော့ တစ်ယောက် BytheHost မှာ Free ရလို့ အဲဒီဘက် ပြောင်းပြန်တယ်။ ဒါပေမယ့် ၀င်ကြည့်တဲ့လူဦးရေက တစ်နေ့ကို (6000) ကျော်လောက်ဖြစ်လာတော့ Free ပေးနေတဲ့ BytheHost က အလကားမပေးတော့ဘူးဗျ။

Saturday, August 10, 2013

ဖုန်းရွှေပညာ (၁)


ဖုန်းရွှေ ပညာ (၁)
-------------------

“ဖုန်းရွှေ” ပညာ ဆိုတာ တရုတ်လူမျိုးတို့၏ ရိုးရာ အမွေအနှစ် “ဂမ္ဘီရ” ပညာတစ်ခုဖြစ်ပါတယ်။ တရုတ်အသံထွက် အမှန် (အနီးစပ်) ဆုံးကတော့ “ဖန်းရှုရီ” (Feng shui) လို့ ထွက်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာကို ပထမဆုံး မိတ်ဆက်ပေးသူလို့ ဆိုနိုင်လောက်တဲ့ “ဆရာဟိန်းလတ်” က သူရဲ့ ပထမဆုံး (Feng shui) စာအုပ်ကို “ဖုန်းရွှေ” လို့ နာမည်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီပညာဟာ “ဖုန်းရွှေ” လို့ “နာမည်ပေါက်” သွားပါတော့တယ်။

“ဖုန်းရွှေ” ဆိုတာ ဘာလဲ? ။ ဘယ်လို ဂမ္ဘီရ ပညာလဲ? ။ ဟုတ်ကဲ့ – မှန်တဲ့အတိုင်း ပြောရင် ကျွန်တော်လည်း သိပ်ကြီးတော့ မသိပါ။ ဒီပညာက ကျွန်တော် ကျွမ်းကျင်တဲ့ ပညာတစ်ခု မဟုတ်ပါ။

ဒီပညာနဲ့ ပတ်သက်ရင် “ဆရာဟိန်းလတ်” နဲ့ “ဆရာသက်လုံ” တို့ရဲ့ စာအုပ်တွေလောက်သာ ဖတ်ဘူးပြီး ဒီပညာအကြောင်း နှိုက်နှိုက် ချွတ်ချွတ် မလေ့လာဘူးပါ။ (စာအုပ်ဖတ်ဖူးရုံနဲ့ ပညာရပ်တစ်ခုဟာ တတ်မြောက်မသွားပါ။ လက်တွေ့နဲ့ ယှဉ်ပြီးတော့ လည်း သုတေသန ပြုဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့“စာသိ” လောက်ဘဲ ရှိပါတယ်)


Monday, July 1, 2013

ဇူလိုင်လအတွက် (၇)ရက် သားသမီးဗေဒင်

8_ Circle & Face_01 (456 x 458)
.
ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။
.
# တနင်္ဂနွေ သားသမီးများ
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။
ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။

Friday, May 24, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

buddah

ကဆုန်လပြည့်နေ့ ဟာ အများသိကြတဲ့အတိုင်း မြတ်စွာဘုရား ဘုရားဖြစ်တော်မူတဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဘုရားလောင်း ဗျာဒိတ်ခံတဲ့နေ့ ၊ ဖွားမြင်တော်မူရာနေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူရာနေ့တွေကလည်း “ကဆုန်လပြည့်နေ့” တွေချည်းပါဘဲ။ ကဆုန်လပြည့်နေ့အကြောင်း ကျွန်တော် လင့်ခ်တစ်ခု ရှယ်ထားပါတယ်။ အဲဒီမှာ အပြည့်အစုံ ဖတ်ရှုကြပါကုန်။   https://www.facebook.com/youngbuddhistassociation.mm?hc_location=timeline
.
ကျွန်တော် အခုပြောချင်တဲ့ အကြောင်းလေးကတော့ “ဘုရားအနေကဇာတင်” တယ်ဆိုတဲ့ အကြောင်းလေးပါ။ ခုခေတ်တော့ မသိဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်တို့အရပ်ဒေသမှာ နှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့ရောက်ရင် (နှစ်တိုင်းမဟုတ်တောင်မှ) အိမ်က ဘုရားကို ဘုန်းကြီး ()ပါးလောက် ပင့်ပြီး အနေကဇာ” တင်ကြတဲ့အလေ့ ရှိကြတယ်။ အိမ်တိုင်းမဟုတ်ပေမယ့် အတော်များများ လုပ်လေ့ရှိကြတယ်။

နောက်ပြီး လူ့ဘ၀မှာ အိမ်ထောင်ပြု ၊ အိမ်ရာတည်ထောင်ကြတဲ့ အခါ ၊ အိုးသစ်အိမ်သစ်မှာ ဘုရားဆင်းတုအသစ်ကို တည်ထားကိုးကွယ်ရာမှာလည်း အနေကဇာ တင်ပြီးမှ ကိုးကွယ်မှုကို ပြုကြပါတယ်။ အနေကဇာတင်တယ် ဆိုတာဘာလဲ ? ။ ခုခေတ်လူငယ်တွေ သိသူလည်း ရှိ/ မသိသူလည်း ရှိပေမယ်။မသိသူများအတွက် ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။
——————————————————————————————-----------


Sunday, April 28, 2013

အပူဒဏ် ခံနိုင်စေသောနည်း

cool tea

ရာသီဥတုကတော့ တစ်နေ့ထက် တစ်နေ့ ပူပြင်းလာပါပြီ။ ရန်ကုန် နဲ့ မြန်မာပြည်အောက်ပိုင်း ဒေသတွေကတော့ တစ်ခါတစ်ရံ မိုးလေးဘာလေး အုံ့တော့ နည်းနည်း ခံသာသေးတယ်။
အညာဒေသတွေ ကတော့ မိုးရိပ်လေရိပ်လည်း မမြင် ၊ ရာသီဥတုကလည်း စင်တီဂရိတ် (၄၃-၄၅)လောက်နီးပါးလောက်ကို တက်နေတော့ “သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေးမကောင်းသူတွေ” တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။

ရန်ကုန်မှာလည်း ကိုယ့်အိမ်မှာဘဲ နေရင်တော့ သိပ်မသိသာဘူးပေါ့ဗျာ။ အပြင်ကို ကိစ္စရှိလို့ ထွက်မိလိုက်ရင် တက္ကစီ စီးရတာကိုက “ငရဲခံနေရသလား” မှတ်ရတယ်။ မီးပွိုင့်စောင့်နေရလို့ဖြစ်ဖြစ် ၊ Traffic Jam ဖြစ်နေလို့ဖြစ်ဖြစ် နေပူထဲကြာကြာရပ်နေရလေလေ ၊ အပူဒဏ်ကို သေမတတ်ခံရလေလေဘဲ။
ကိုယ်တောင် ဒီလောက် အပူဒဏ် ခံနေရတာဆိုရင် တစ်နေကုန် ကားမောင်းနေရတဲ့ တက္ကစီသမားတွေရဲ့ ဘ၀ကို စာနာမိတယ်။

Wednesday, April 17, 2013

မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ



## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

# ငွေကြေး

ဒီနှစ်မှာ တနင်္ဂနွေ သားသမီးအတော်များများ ငွေကြေးကံ ကောင်းကြပါလိမ့်မယ်။ အလုပ်အကိုင်တိုးတက်ပြီး ၀င်ငွေကောင်းလာတာမျိုး ၊ မမျှော်လင့်တဲ့ ငွေကြေးလာဘ်လာဘ ၀င်လာတာမျိုးတွေ ရှိမယ်။ စိတ်ကူးစိတ်သန်းကောင်း ၊ အကြံကောင်းဉာဏ်ကောင်းတွေ ၊ တီထွင်ဖန်တီးမှုတွေကနေ ငွေကြေးဓနဥစ္စာ တိုးတက်လာကိန်းရှိတယ်။ ပြောရရင် တနင်္ဂနွေသားသမီးအတော်များများအတွက်တော့ ဒီနှစ်ဟာ ငွေကြေးအတွက် စိတ်မပူရမယ့် နှစ်လို့ ပြောနိုင်တယ်။

Saturday, April 13, 2013

အရောင် (၉)ရောင် နှင့် စိတ်နေသဘောထား

colorwheel

အရောင်တွေမှာ မူလအခြေခံအရောင် (၃)ရောင် ရှိပါတယ်။ အဲဒါတွေက “အနီရောင် ၊ အ၀ါရောင် နဲ့ အပြာရောင်” တို့ဖြစ်ပါတယ်။ အဲဒီ (၃)ရောင်ကို ခရမ်း ၊ အညို ၊  အစိမ်း ၊  အနက် နဲ့ မီးခိုးရောင်တွေ ရအောင် ရောစပ်လိုက်တယ် ဆိုပါစို့။ အဲဒီတော့ အရောင်(၈)ရောင် ရပါတယ်။
ဒီအထဲမှာ မပါလို့ မရတဲ့ အရောင်ကတော့ “အဖြူရောင်” ပါဘဲ။ အမှန်ကတော့ “အဖြူရောင်” ဟာ (အရောင်မဲ့)ပါ။ Non Colour ဖြစ်ပေမယ့် သူ့မှာလည်း “အင်အား” ရှိတော့ မဖော်ပြလို့မရပါဘူး။
အဲဒီတော့ အထက်က အရောင် (၉)ရောင် တွေထဲမှာ သင်အကြိုက်ဆုံး နဲ့ မကြိုက်ဆုံး အရောင်ကနေ သင့်စိတ်နေသဘောထားကို ဖော်ပြပါလိမ့်မယ်။

တစ်ချို့အရောင်တွေကတော့ အမြဲတမ်း ကြိုက်တာ/မကြိုက်တာ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့် ကြိုက်တာ/မကြိုက်တာလည်း ဖြစ်လာတာ ရှိတတ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန် အပြောင်းအလဲ ဖြစ်ရပ် တစ်ခုခုနဲ့ ဆိုင်လာတတ်ပါတယ်။ တိုက်ဆိုင်မှု ရှိ/မရှိ ကြည့်ကြရအောင် . . .

Wednesday, February 20, 2013

ကျွန်တော် နှစ်သက်မိသော ပုံပြင်လေးတစ်ခု

154

ကျွန်တော်ငယ်ငယ်က ဂျပန်ရိုးရာ ပုံပြင်လေးတစ်ခု ဖတ်ဘူးတယ်။ သိပ်လည်း ကြိုက်ခဲ့တယ်။ အမြဲလည်း မှတ်မိနေတယ်။ အခု အသက်ကြီးလာတော့ ဒီပုံပြင်လည်းဟာ အဓိပ္ပါယ် ပိုရှိလာတယ်။ ပိုပြီး တွေးစရာတွေ ဖြစ်လာခဲ့တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။

ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

Tuesday, January 1, 2013

2013 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ

မိတ်ဆွေများခင်ဗျား
လေးစားစွာဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိဘလော့ဂ်ရှိ ဆောင်းပါးများကို ကူးယူအသုံးပြုမည်ဆိုလျှင် စိတ်ကြိုက် ကူးယူ အသုံးပြုနိုင်ပါသည်။ ကြိုတင် ခွင့်မတောင်းလျှင်လည်း ရပါသည်။
သို့သော် “လူ့ကျင့်ဝတ်” ကို လေးစားသောအားဖြင့်၎င်း ၊ မိမိကိုယ်ကိုယ် လေးစားသောအားဖြင့်၎င်း ၊ ဆောင်းပါးရေးသူအမည် “ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)” နှင့် မူရင်းလင့်ခ် http://compubaydathukhuma.com/ ကို ထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
ယခုအခါ ဘလော့ဆိုဒ် အချို့၌၎င်း ၊ Facebook Page အချို့၌၎င်း ၊ မိမိ၏ “ကွန်ပျူဗေဒသုခုမ” မှ ဆောင်းပါးများကို ခွင့်တောင်းမှု မပြုသည့် အပြင် “ကိုယ်တိုင်ရေးသားထားသကဲ့သို့” ပြုလုပ်နေခြင်းများကို မိမိကိုယ်တိုင်လည်း တွေ့ရပါသည် ၊ မိတ်ဆွေများကလည်း အကြောင်းကြားခြင်းဖြင့် သိရပါသည်။
မိမိကိုယ်ကို နိုင်ငံကြီးသား ပီသပြီး အမျိုးကောင်း သားသမီးများ ဖြစ်သည်ဟု ယူဆပါလျှင် ထိုကဲ့သို့ လူအထင်သေးခံရမည့် အလုပ်မျိုးကို မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။
---------------------------------------------------------------------------------------------------
မိဿ ရာသီဖွားများ
Aries-2 (178 x 237)

Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။