ကိုသိန်းဖေ။ ။ “ကြာပြီ ဆိုတော့
မေ့လောက်ပါပြီ၊ စိတ်မှာ ထင်ခဲ့တယ် . . . . အချစ်ဦးမို့ ယနေ့ထက် ထိအောင်
ကိုယ်မမေ့ နိုင်သေးတယ် . . . ”
ကျွန်ုပ်။ ။ ဘယ်လို ဖြစ်တာလည်း ကိုသိန်းဖေ ရ။ စိုင်းထီးဆိုင် သီချင်းလေး တအေးအေး နဲ့ပါလား။ ဘာတွေများ ဖီလင်တက်လာ ပြန်ပြီလဲ။
ကိုသိန်းဖေ။ ။ ဒီ အသက်အရွယ်ရောက်မှ ဘာဖီလင်မှ တက်စရာ မရှိပါဘူးဗျာ။ ဆရာကလည်း မရိပ်မိဘဲ ကိုး။ ဆရာ့ကို“စောင်းပြီး” ဆိုနေတာလေ။
ကျွန်ုပ်။ ။ အလို။ ဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ကျွန်တော် နဲ့ ဒီသီချင်းနဲ့ ဘာဆိုင်လို့လဲ ဗျ။
ကိုသိန်းဖေ။ ။ ဆိုင်ပါသကောဗျာ။ ဆရာ့ဟာ
တော်ကြာ တရားရိပ်သာဝင်ရတာ နဲ့ တော်ကြာ ဘလော့ဂ် အပိတ် ခံရတာနဲ့။ ဆရာ့
စာတွေကို စောင့်ဖတ်တဲ့ သူတွေ မေးခွန်းတွေ မေးထားတဲ့သူတွေ စိတ်ထဲမှာ ဆရာတော့
ငါတို့ကို မေ့နေလောက်ပါပြီ လို့ ထင်စရာ ဖြစ်ကုန်ကြပြီ ဆရာရေ။ ဒါကြောင့် ဒီ
သီချင်းကို စောင်းပြီး ဆိုတာ ဆရာ ရေ့။