Saturday, November 2, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0



တနင်္လာ သားသမီးများ

လူပင်ပန်း စိတ်ပင်ပန်းရမှု များမည့်လ ဖြစ်သည်။ အကောင်း အဆိုး မျှနေတတ်သည်။ မိမိလိုချင်နေသော စက်ပစ္စည်း (သို့) အီလက်ထရောနစ်ပစ္စည်းတစ်ခု ၀င်ကိန်းရှိသည်။ အင်္ဂါနံ နေ့နံများနှင့် ပတ်သက်ပြီး ကောင်းကျိုးခံစား ရနိုင်သည်။ အိုးသစ်အိမ်သစ် ၀င်ကိန်း ရှိတတ်သော်လည်း အိုးအိမ်ကိစ္စကြောင့် စိတ်ဆင်းရဲစရာများ ကြုံရတတ်သည်။ အိုးအိမ် အ၀င်ကိန်း ရှိသော်လည်း အကျိုးပြုကိန်း မရှိဟု ဆိုရမည်။ အထက်လူကြီးနှင့် အဆင်မပြေဖြစ်မည်။ မိမိ၏ ဖခင် (သို့) အကြီးအကဲ များ ကံမကောင်းဖြစ်တတ်သည်။ အကြီးအကဲ/ ဖခင်၏ ကျန်းမာရေးသော်၎င်း ၊ အလုပ်အကိုင်သော်၎င်း ထိခိုက်တတ်သည်။ ယာဉ်ကာ မတော်တဆမှုများ (အနည်းငယ်) ကြုံတွေ့ရကိန်း ရှိတတ်သည်။ ငွေကြေးကံ မဆိုးလှပါ။ ငွေဝင်ကိန်းများ တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ၀င်ရောက်နေမည်။ သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စများ ပေါ်ပေါက်တတ်သည်။ ဆက်သွယ်ရေး နှင့် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သူများ အကျိုးအလွန်များနိုင်သည်။ သူ့ဖက်ကိုယ်ဖက် မျှတအောင် ခံယူဆောင်ရွက်နိုင်လျှင် ဆောင်ရွက်နိုင်သလောက် အကျိုးများမည်။ အတ္တကြီးလွန်း ၊ လောဘကြီးလွန်းလျှင် အခွင့်အရေးများ ဆုံးရှုံးတတ်သည်ကို သတိပြုရမည့် လဖြစ်သည်။ ယေဘူယျ ခြုံပြောရလျှင် ကံကောင်းမှု များနိုင်သော်လည်း အဆိုးအညံ့လည်း မကင်းတတ်လှသော လတစ်ဖြစ်သည် ဆိုရမည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0

အင်္ဂါ သားသမီးများ

ကျန်းမာရေး အထူးသတိပြုရမည့် လဖြစ်သည်။ ရုတ်တရက် ဖျားနာကိန်း နှင့် ထိခိုက်ရှနာကိန်း ရှိတတ်သည်။ သို့သော်လည်း ထိုအချက်တွင်သာ အားနည်းပြီး ကျန်သောကိစ္စများတွင်မူ အကောင်းများမည့် လဖြစ်ဖွယ်ရှိသည်။ အထက်လူကြီး (သို့) မင်းစိုးရာဇာများ နှင့် ပတ်သတ်ပြီး မိမိတွင် ကောင်းကျိုးခံစားရတတ်သည်။ သို့သော် ရန်အတိုက်အခံ မကင်းတတ်။ ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံကောင်းနိုင်သည်။ ခရီးတို ခရီးရှည်များ သွားလာရတတ်သည်။ ခရီးသွားခြင်းမှ အကျိုးကျေးဇူး ရရှိတတ်သည်။ ငယ်ရွယ်သူများ ပညာရေး ကံ အထူးမြင့်မားနေတတ်သည်။ ပညာရဲရင့် ပွဲလယ်တင့်မည့် လတစ်လ ဖြစ်ဖွယ်ရှိသည်။ ငွေကြေး ပမာဏ ကိန်းဂဏန်း အတော်များများ ၀င်ရောက်ကိန်း ရှိတတ်သည်။ သို့ရာတွင် ငွေကြေးကံကောင်းတတ်သော်လည်း အဖတ်မတင်ဘဲ ရှိတတ်သည်။ မိမိစိတ်ကြိုက် သုံးစွဲခွင့် ရနိုင်သည်။ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး စိတ်ဆင်းရဲစရာ (သံသယဖြစ်စရာ) ကိစ္စများ ပေါ်ပေါက်တတ်သည်။ အင်္ဂါသားသမီးများအတွက် မိမိအိမ်ထောင်ဘက်သည် တနင်္ဂနွေ (သို့) ဗုဒ္ဓဟူး/ရာဟု ဖြစ်ပါက အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်ရမှုများ ပေါ်ပေါက်တတ်သည်။ ကျန်နေ့သားသမီးများဖြစ်လျှင်မူ ပြဿနာကြုံလျှင်လည်း ကြီးကြီးမားမားဖြစ်စရာ မရှိလှပါ။ ယခုလသည် ခြုံပြောရလျှင် အင်္ဂါသားမီးများ ကံကောင်းမှု များတတ်သော်လည်း အိမ်ထောင်ရေးတွင် ခေါင်းကိုက်ရတတ်သော လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် Lucky Numbers - 2 , 4 , 5 , 6

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူး သားသမီးများ ယခုလတွင် ကံကောင်းမှုအတော်များတတ်သော်လည်း ဘေးဥပဒ် မကင်းတတ်ချေ။ ရန်အတိုက်အခိုက် များတတ်သည်။ ရန်သူပေါ်တတ်သည်။ လွယ်ကူသော အလုပ်များကို ခက်ခဲစွာ လုပ်ကိုင်ရတတ်သည်။ ပြဿနာ များမည်။ သို့သော်လည်း နောက်ဆုံး(လကုန်ပိုင်းတွင်) အခက်အခဲများကို ကျော်လွန်ပြီး အောင်မြင်တတ်သည်။ တရားဥပဒေ နှင့် မကင်းသော အလုပ်များကို လုပ်ကိုင်နေသူများ ယခုလတွင် တရားဥပဒေနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည့် လဖြစ်သည်။ မတော်တဆ ထိခိုက်မှု အနည်းငယ် နှင့် ကြုံရကိန်း ရှိသည်။ မိမိနေအိမ်မှ အနောက်မြောက်ဒေါင့် အရပ်သို့ ခရီးသွားလျှင် ဘေးဥပဒ် ဖြစ်နိုင်သည်။ သို့သော် ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံကောင်းမှုများတတ်သော လဖြစ်သည်။ ခရီးများ အဆက်မပြတ်သွားလာရတတ်ပြီး ခရီးပန်း အဖျားအနာ ၀င်တတ်သည်။ မိမိရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်နေသူများ ယခုလတွင် မိမိအကြံအစည်များ အထမြောက်အောင်မြင်တတ်သည်။ အိုးအိမ်ကိစ္စ များတွင် ကံဇာတာအထူးကောင်းမွန်နေတတ်သည်။ အလုပ်ရာထူး တက်ရန် ရှိသူများ ရာထူးတိုးတက်မည့် လတစ်လဖြစ်ဖို့များလှပေသည်။ ယေဘူယျအားဖြင့် ဆိုရလျှင် ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလသည် ဘေးဥပဒ် မကင်းလှသော်လည်း ကံကောင်းမှုများတတ်သော လတစ်လဖြစ်သည် ဆိုရပေမည်။

ယခုလအတွက် Lucky Numbers - 1 , 4 , 6 , 7 , 0

ကြာသပတေး သားသမီးများ

ယခုလသည် ကြာသပတေး သားသမီးများအတွက် ကံဇာတာ အကောင်း နှင့် အဆိုး အားပြိုင်ဖွယ်ရှိသော လတစ်လ ဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့် ခရီးသွားလာမှု ကိစ္စ ၊ နိုင်ငံရပ်ခြား နှင့် ပတ်သက်နေသော ကိစ္စ ၊ ငွေကြေးနှင့် ပတ်သက်သော ကိစ္စများတွင် ကံမကောင်းဖြစ်ဖွယ်ရှိသည်။ ခရီးသွားလာမှုများ ပျက်ပြားတတ်ခြင်း ၊ ခရီးသွားလာစဉ် မတော်တဆဖြစ်ခြင်းများ သတိပြုရမည်။ ငွေကြေး အရှုပ်အရှင်းဖြစ်တတ်ပြီး အမှုအခင်းများ ဖြစ်ပွားရဖွယ်ရှိသည်။ တရားဥပဒေ မကင်းသော အလုပ်များကို လုပ်ကိုင်နေသူများ ဥပဒေနှင့် ညိစွန်းတတ်သော လတစ်လ ဖြစ်နိုင်ချေရှိသည်။ မိမိလုပ်သမျှ ကိုင်သမျှ အခက်အခဲ များနေမည်။ အိုးအိမ် အဆောက်အဦများနှင့် ပတ်သက်သော ကိစ္စများတွင်မူ ကံကောင်းမှု များပြားတတ်သည်။ အိုးသစ်အိမ်သစ် ၀င်ကိန်း ရှိတတ်သည်။ အလုပ်သစ် အကိုင်သစ်များ ပေါ်ပေါက်တတ်သည်။ စိတ်ကူးစိတ်သန်းကောင်းများ အကြံအစည်သစ်များ ပေါ်ထွက်တတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ မင်္ဂလာ ကိစ္စများ အထမြောက်အောင်မြင်တတ်သည်။ ငယ်ရွယ်သူများတွင် အချစ်ရေးကံ ကောင်းမှုများ ကြုံတွေ့ရဖွယ်ရှိသည်။ ယေဘူယျ ပြောရလျှင် ယခုလသည် ကြာသပတေးသားသမီးများအတွက် အကောင်းလည်းများ ၊ အညံ့လည်း မလွတ်တတ်သော လတစ်လ ဖြစ်ဖွယ်ရှိပေသည်။

ယခုလအတွက် Lucky Numbers - 1 , 4 , 6 , 7 , 0

သောကြာ သားသမီးများ

ယခုလသည် သောကြာသားသမီးများအတွက် စိတ်ရှုပ်ထွေးနောက်ကျိဖွယ် ကိစ္စများ ကြုံတွေ့ရတတ်ပြီး ယင်းကိစ္စများ အပေါ်တွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမည့် လမျိုးဖြစ်တတ်သည်။ သံယောဇဉ်များ ၊ ငဲ့ညာထောက်ထားမှု များကို စွန့်လွှတ်ပြီး မိမိဘ၀ရပ်တည်ရေးအတွက် ပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်ရမည့် လဖြစ်သည်။ ထိုသို့ မပြုလုပ်နိုင်ပါက ရှေ့လာမည့် လများတွင် မိမိအတွက် ကံဇာတာ နိမ့်ပါးမှုများ ဆက်တိုက်ဖြစ်လာဖွယ်ရှိသည်။ မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာများကို နေ့ရွှေ့ညရွှေ့ မရွေ့ဘဲ ယခုလတွင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှုသည် ယခုလအတွက် အရေးတစ်ကြီးသော ကိစ္စပင်ဖြစ်သည်။ ဆုံးဖြတ်ချက်ချရမည့် အလုပ်ကိစ္စများသာမက ကျန်းမာရေးကိစ္စများတွင်လည်း ရွှေ့ဆိုင်းမှုများကို ယခုလတွင် အပြီးအပြတ် ဆေးကုသမှု ခံယူရန် သင့်တော်ပေသည်။ သို့မဟုတ်ပါက ရှေ့လာမည့် လ များတွင် ကျန်းမာရေး ပြဿနာကြီးများ ရင်ဆိုင်ရဖွယ်ရှိသည်။ ခရီးသွားလာရန် ကြံရွယ်ထားမှုများ ပျက်ပြားတတ်သည်။ သို့မဟုတ် ခရီးသွားလာရာတွင် ဒုက္ခများတတ်သည်။ ငွေကြေး နှင့် အလုပ်ကိစ္စများအတွက် ယခုလတွင် ကံဇာတာ ထူးထူးခြား ညံ့စရာ (သို့) ကောင်းစရာ မရှိလှပါ။ ငယ်ရွယ်သူများအတွက် ပညာရေးတွင် ထိုက်သင့်သော အောင်မြင်မှုများ ရရှိနိုင်သည်။ ပညာကို အထူးကျိုးစားသူများ ပညာရဲရင့် ပွဲလယ်တင့်မည့် လတစ်လဖြစ်သည်။ သို့သော အချစ်ရေး ကိစ္စများ ကံမကောင်းနိုင်သေးပါ။ ခြုံပြောရလျှင် ယခုလသည် သောကြာသားသမီးများအတွက် ဘ၀ရှေ့ရေးအတွက် ခိုင်မာသော ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ရန် အရေးကြီးသော လ ဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် Lucky Numbers - 2 , 5 , 7 , 0

စနေ သားသမီးများ

ယခုလသည် စနေသားသမီးများအတွက် ကံဇာတာ မြင့်မားတိုးတက်နိုင်သည့် လတစ်လ ဖြစ်ဖွယ်ရှိသည်။ မိမိအတွက် အလုပ် ၊ စီးပွား ၊ ငွေကြေး ၊ ပညာ ၊ နေရာဌာန ၊ အချစ် များအနက် တစ်ခုမဟုတ် တစ်ခုတွင် အောင်မြင်တိုးတက်မှု ၊ စိတ်ချမ်းမြေ့မှု တစ်ခုမဟုတ်တစ်ခု ရရှိမည့် လဖြစ်သည်။ နာမည်တစ်လုံးဖြင့် လုပ်စားသူများ ၊ အနုပညာရှင်များ ၊ နိုင်ငံရေး သမားများအတွက် နာမည်ကျော်ကြားထင်ပေါ်နိုင်မည့် လတစ်လ ဖြစ်နိုင်သည်။ ခရီးသွားလာခြင်း ကိစ္စများ ၊ နိုင်ငံရပ်ခြား နှင့် ပတ်သက်နေသော ကိစ္စရပ်များတွင် ကံကောင်းတိုးတက်နိုင်သော လတစ်လဖြစ်တတ်သည်။ ငွေကြေး အစုအပုံ ၀င်ကိန်း ရှိတတ်ပြီး ထီပေါက်ကိန်းလည်း ရှိတတ်သည်။ (ထီဝါသနာ ပါသူများ ၅ ထိပ်စီး ၀/၇ နောက်ပိတ်သော်၎င်း ၊ ၀/၇ ထိပ်စီး ၅ နောက်ပိတ်သော်၎င်း ရွေးချယ်သင့်သည်၊ အလယ်တွင် ၃ ၊ ၆ ဂဏန်း (၂)လုံး ပါသင့်သည်) ။ ကျန်းမာရေးအနည်းငယ် ခြူခြားကိန်း ရှိတတ်သည်။ ရင်ဝမ်း ဒုက္ခပေးတတ်သည်။ သားသမီး ရှိသူများ သားသမီး ကျန်းမာရေးအတွက် ပူပင်စရာ ကိစ္စပေါ်တတ်သော်လည်း အားပြင်းထန်မှု မရှိနိုင်ပါ။ ငယ်ရွယ်သူများအတွက် ပညာရေး ကိစ္စ နှင့် အချစ်ရေး ကိစ္စ နှစ်ခုလုံးတွင် ကံကောင်းမှုများ ရရှိတတ်သည်။ ခြုံ၍ ဆိုရလျှင် ယခုလသည် စနေသားသမီးများအတွက် ကံကောင်းမှုသာ ပိုမိုများပြားနိုင်သော လတစ်လ ဖြစ်သည်ဟု ဆိုရပါမည်။

ယခုလအတွက် Lucky Numbers - 7 , 0 , 3 , 5 , 6

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးဖွားသူများ)

ရာဟုသားသမီးများအတွက် ယခုလတွင် ဗုဒ္ဓဟူးသားသမီးများလောက် ကံကောင်းမှု မရှိနိုင်ပေ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ကြုံရဖွယ်ရှိသည်။ အလုပ်အကိုင်အပြောင်းအလဲ (သို့) နေရာဌာန အပြောင်းအလဲ တစ်ခုခု ရှိနိုင်သည်။ ကျန်းမာရေး ခြူခြာညံ့ဖျင်းနိုင်သည်။ လူမျိုးခြား ဘာသာခြား နှင့် ပတ်သက်ပြီး ကံမကောင်းမှု ကြုံတွေ့နိုသ်ည။ သားသမီးရှိသူများ သားသမီးအတွက် စိတ်သောက ရောက်ရဖွယ် ရှိတတ်သည်။ မိမိအလုပ်အကိုင်များ အခက်အခဲ အကြပ်အတည်းများ ကြုံဆုံနိုင်ချေရှိသည်။ သွား ၊ အရိုးနှင့် ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရဖွယ် ရှိတတ်သည်။ သို့သော် ခရီး နှင့် ပတ်သက်၍၎င်း ၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်၍၎င်း ကံကောင်းမှုကို ရရှိနိုင်ပါသည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး ကိစ္စများတွင်မူ ကံကောင်း အဆင်ပြေနေမည်။ ထိုအချက်(၂)ချက်တွင်မူ ကံကောင်းနိုင်ပါသည်။ ခြုံ၍ ပြောရလျှင် ယခုလသည် ရာဟုသားသမီးများအတွက် နေရာအတော်များများတွင် ဗုဒ္ဓဟူးသားသမီးများ၏ ကံဇာတာနှင့် တူညီနိုင်သော်လည်း ကံ အညံ့/အကောင်းပိုင်းတွင်မူ ဗုဒ္ဓဟူး သားသမီးများထက် ကံဇာတာ ပိုညံ့နိုင်ချေ ရှိပါသည်။

ယခုလအတွက် Lucky Numbers - 1 , 3 , 6 , 2

(၇)ရက် သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

No comments:

Post a Comment