မြန်မာတို့ရဲ့ ဓလေ့ရိုးရာတွေထဲမှာ
နှစ်သက်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ကိန်းဂဏန်း တွေကို
မှတ်သားတဲ့နေရာမှာ “လင်္ကာ” လေးတွေနဲ့ မှတ်သားကြခြင်းဖြစ်ပါတယ်။ “ဥသြအော်မည်၊
ကုန်းဘောင်တည်” ဆိုတာ ၁၁၁၅ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်
ခဲ့တာကို မှတ်သားခဲ့ကြတာဖြစ်ပါတယ်။
“လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”
ဆိုပြီး ပုဂံပြည်မှာရှိခဲ့တဲ့ စေတီပုထိုးပေါင်းဟာ ၄၄၄၆၇၃၃ခု
ရှိတယ်ဆိုတာကို လင်္ကာနဲ့မှတ်သားကြတာ ဖြစ်ပါတယ်။ “ဦးကောင်းလိမ်ထုတ်၊
မင်းဆက်ပြုတ်”ဆိုပြီးတော့လည်း ၁၂၄၇ ခုနှစ်မှာ သီပေါမင်း ပါတော်မူပြီး
မြန်မာ့ထီးနန်းဆက် ပျက်သုန်းသွားတာကို မှတ်သားကြတာဖြစ်ပါတယ်။
ဒီလိုမှတ်သားနိုင်ဖို့-
.
တနင်္ဂနွေ (အ၊ဥ) ဆိုရင် (၁)ဂဏန်း