Thursday, August 15, 2013

မွေးနေ့ဗေဒင် တွက်ကြမယ် (၃)


“မွေးနေ့ဗေဒင်တွက်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးတွေကို ရေးလာတာ အပိုင်း (၁) နဲ့ (၂) နဲ့ တော့ ပြီးသွားပါပြီ။ နားလည်သူများပေမယ့် နားမလည်တဲ့ သူတွေလည်း ရှိပါတယ်။ မှန်ကန်မှုအပိုင်းကတော့ ခပ်သင့်သင့်ပေါ့နော်။ (၇၀)%လောက်တော့ မှန်ကြမှာပါ။ ဒီထက် မှန်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် ဒီလောက်လွယ်တဲ့နည်းတွေ တောင်မှ မှန်အောင်မတွက်နိုင်တော့ ခက်တဲ့နည်းတွေ တင်ပေးဖို့ စိတ်မကူးတော့ပါဘူး။

ပြီးခဲ့တဲ့ တွက်နည်း (၂)ခုစလုံးက “မဟာဘုတ်” တွက်နည်းတွေချည်းပါဘဲ။ ဒါကြောင့် မယဉ်ပါးသူတို့အတွက် ခက်ကောင်းခက်မယ်ပေါ့။

အခုတင်မယ့် နည်းလေးက မြန်မာနည်းမဟုတ်ဘဲ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး လွယ်သမှလည်း သိပ်လွယ်ပါတယ်။ ပထမဆင့် နဲ့ ဒုတိယဆင့် (၂)ဆင့်ရှိပြီး ပထမဆင့်ကို ရှေးဦးဖော်ပြပါ့မယ်။ အပေါင်းအနုတ် တတ်ရင် တွက်လို့ရပြီ။ မူလတန်းကလေးတောင်မှ တွက်တတ်မယ့် နည်းဖြစ်တယ်။ ကြည့်ကြရအောင်လား။



တွက်နည်းအဆင့်

(၁) ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်ကို ယူပါ။
(၂) ကိုယ်တွက်လိုတဲ့ နှစ် မွေးနေ့မှာကျတဲ့ နေ့ (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး . . . ) ကို ယူပြီး - အင်္ဂလိပ်ဂဏန်းပြောင်းပါ။
(၃) အဲဒီ နှစ်ခုကို ပေါင်းလိုက်ပါ။ အဲဒါကို အဲဒီနှစ်(အသက်ပိုင်း) ရဲ့ “စိုးမိုးဂဏန်း” လို့ ခေါ်ပါမယ်။ 
အဖြေရပါပြီ။ မလွယ်ဘူးလား ?

တစ်ခု သတိထားရမှာက အခုတွက်နည်းက အနောက်တိုင်းနည်းစနစ် ဖြစ်လို့ မွေးနေ့(တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး . . . ) ကို ဂဏန်းပြောင်းတဲ့ နေရာမှာ မြန်မာဂဏန်းကို မပြောင်းရဘူး။ အင်္ဂလိပ် ဂဏန်း(နျူမရိုလိုဂျီဂဏန်း) ကို ပြောင်းရမယ်။ လွယ်ပါတယ်။ အောက်ကို ဆက်ကြည့်။

မွေးနေ့ကျတဲ့နေ့က တနင်္ဂနွေနေ့ ဆိုရင် =  (1) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က တနင်္လာနေ့ ဆိုရင် =  (2) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က အင်္ဂါနေ့ ဆိုရင် =  (9) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က ဗုဒ္ဓဟူးနေ့ ဆိုရင် =  (5) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က ကြာသပတေးနေ့ ဆိုရင် =  (3) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က သောကြာနေ့ ဆိုရင် =  (6) ဂဏန်းကိုယူ
မွေးနေ့ကျတဲ့နေ့က စနေနေ့ ဆိုရင် =  (8) ဂဏန်းကိုယူ 

= စိုးမိုးဂဏန်းတွေရဲ့ “အကောင်း , အညံ့” ကို ကြည့်ရအောင် ။ အခုလောလောဆယ်တော့ “ကောင်း ၊ ညံ့ ၊ သင့်” ဘဲ ဖော်ပြပေးဦးမယ်။ နောက်ဆောင်းပါးတွေမှာ စိုးမိုးဂဏန်းတစ်ခုဟာ ဘာတွေ ကောင်းလဲ ၊ ဘာတွေ ညံ့လဲ အသေးစိတ်ဖော်ပြပေးပါမယ်။

စိုးမိုးဂဏန်း (2) = ညံ့
စိုးမိုးဂဏန်း (3) = ကောင်း  *
စိုးမိုးဂဏန်း (4) = ညံ့  *
စိုးမိုးဂဏန်း (5) =သင့်
စိုးမိုးဂဏန်း (6) = ကောင်း
စိုးမိုးဂဏန်း (7) = ကောင်း
စိုးမိုးဂဏန်း (8) = ကောင်း/ညံ့
စိုးမိုးဂဏန်း (9) = ညံ့ *
စိုးမိုးဂဏန်း (10) =ကောင်း  *
စိုးမိုးဂဏန်း (11) = ကောင်း
စိုးမိုးဂဏန်း (12) = ညံ့   *
စိုးမိုးဂဏန်း (13) = ညံ့   *
စိုးမိုးဂဏန်း (14) = သင့်
စိုးမိုးဂဏန်း (15) = ညံ့
စိုးမိုးဂဏန်း (16) = ညံ့   *
စိုးမိုးဂဏန်း (17) = ကောင်း  *
စိုးမိုးဂဏန်း (18) = ညံ့   *
စိုးမိုးဂဏန်း (19) = ကောင်း  *
စိုးမိုးဂဏန်း (20) = ကောင်း/ညံ့
စိုးမိုးဂဏန်း (21) = ကောင်း   *
စိုးမိုးဂဏန်း (22) = ညံ့   *
စိုးမိုးဂဏန်း (23) = ကောင်း   *
စိုးမိုးဂဏန်း (24) = ကောင်း
စိုးမိုးဂဏန်း (25) = ကောင်း
စိုးမိုးဂဏန်း (26) = ညံ့   *
စိုးမိုးဂဏန်း (27) = ကောင်း
စိုးမိုးဂဏန်း (28) = ညံ့   *
စိုးမိုးဂဏန်း (29) = ညံ့   *
စိုးမိုးဂဏန်း (30) = ကောင်း
စိုးမိုးဂဏန်း (31) = ညံ့
စိုးမိုးဂဏန်း (32) = ကောင်း
စိုးမိုးဂဏန်း (33) = ကောင်း/ညံ့
စိုးမိုးဂဏန်း (34) = ညံ့
စိုးမိုးဂဏန်း (35) = ညံ့   *
စိုးမိုးဂဏန်း (36) = ကောင်း
စိုးမိုးဂဏန်း (37) = ကောင်း/ညံ့
စိုးမိုးဂဏန်း (38) = ညံ့   *
စိုးမိုးဂဏန်း (39) = ကောင်း   *
စိုးမိုးဂဏန်း (40) = ညံ့  

(*) စတားပြထားတာတွေက အကောင်း/အညံ့ နဲနဲ အားပြင်းတယ် ပြောရမယ်။ ကောင်း/ညံ့ တွေကတော့ အကောင်း နဲ့ အညံ့ ရောနေတာလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ သိပ်ကောင်းနေတတ်ပြီး တစ်ချို့ကျတော့လည်း သိပ်ညံ့နေတတ်တယ်။ ခွဲတဲ့နည်းကို နောက်ပိုင်းမှာ တင်ပြပေးပါမယ်။


အဲဒီတော့ နမူနာ တွက်ကြည့်ရအောင် -
ဘယ်သူ့ကို တွက်ကြည့်ရင် ကောင်းမလဲ ? အနီးစပ်ဆုံး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကွယ်လွန်သွားရှာတဲ့ စာရေးဆရာ/သတင်းစာဆရာကြီး “ဆရာမောင်ဝံသ” ကို တွက်ကြည့်ရအောင် ။

ဆရာမောင်ဝံသရဲ့ မွေးနေ့က ၁၇ / ၄ / ၁၉၄၅ ခုနှစ်လို့ ဆိုထားတယ်။ ဒီတော့ သူ့အသက် (၆၇)ပြည့်တဲ့ ၂၀၀၂ ခုနှစ် ဧပြီလ (၁၇)ရက်နေ့က ဘာနေ့လဲကြည့်ရအောင် . . . အင်္ဂါနေ့ တဲ့ ။ အဲဒီတော့ ဂဏန်းဖလှယ်လိုက်ရင် (9)ဂဏန်း ရမယ်။
ဒီတော့ အထက်က တွက်နည်းအတိုင်း သူ့အသက် (၆၈)နှစ်ရဲ့ “စိုးမိုးဂဏန်း” ကို ရှာကြည့်ရအောင်။ (၆၇) ပြည့်တော့ (၆၈)နှစ်အတွက်ပေါ့နော်။

(၁) အင်္ဂလိပ်မွေးရက် = 17
(၂) အသက် (၆၈)နှစ်ရဲ့ မွေးနေ့ဂဏန်း = 9
(၃) စိုးမိုးဂဏန်း = 17 + 9 = “26”

ဆရာမောင်ဝံသရဲ့ အသက်(၆၈)ရဲ့ “စိုးမိုးဂဏန်းဟာ = “26” ဂဏန်းဖြစ်ပြီး အပေါ်က စိုးမိုးဂဏန်း အကောင်း/အညံ့တွေရဲ့ ဖော်ပြချက်အရ စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဖြစ်ပါတယ်။ ဆရာမောင်ဝံသဟာ အသက်(၆၈)ထဲမှာ ကင်ဆာဝေဒနာ စွဲကပ်ခံရပါတယ်။ အဲဒီတော့ နောက်နှစ်ကို ဆက်တွက်ကြည့်မလား။

အတိုချုပ်တွက်ကြည့်မယ်နော်။ နောက်နှစ် (၂၀၁၃)ခုနှစ်ရဲ့ မွေးနေ့ဟာ “ဗုဒ္ဓဟူးနေ့” ကျတယ်။ ဒီတော့ (5) ဂဏန်းကို ယူရမယ်။ မွေးဂဏန်း (17) နဲ့ ပေါင်းလိုက်ပါဦး။ (17+5 = 22) ဖြစ်ပြီး “22” ဂဏန်းဟာလည်း စတားပြထားအောင် “ညံ့” တဲ့ ဂဏန်းဘဲ ဖြစ်နေပြန်တယ်။ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ(၁၁)ရက်နေ့မှာတော့ တိုင်းပြည်အတွက် အစားထိုးမရတဲ့ စာပေပညာရှင်ကြီး “ဆရာမောင်ဝံသ” ကွယ်လွန်သွားရှာပါတယ်။

ဒါဟာ အနီးကပ်ဆုံးနဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကို ရည်ညွှန်းတာဖြစ်ပြီး ဒီဂဏန်းတွေကျတိုင်း “သေဆုံးခြင်း” လို့တော့ အဓိပ္ပါယ်မကောက်ရပါဘူး။ ညံ့တာ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တယ်ပေါ့။ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် ၊ လူမှုရေးပြဿနာ ၊ ကျန်းမာရေး တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တာဘဲ။ ဒါပေမယ့် ဘယ်ဖက်မှာ အလေးသာတယ် ဆိုတာကို နောက်ဆောင်းပါးတွေမှာ ရှင်းပြပါ့မယ်။

နေဦး။ မကောင်းတာဘဲ တွက်ပြလို့ မဖြစ်သေးဘူး။ ကောင်းတာတစ်ခုလောက် တွက်ကြည့်ရအောင်လား။ ဘယ်သူရှိမလဲ။

ခုနှစ်ပိုင်းတွေမှာ ကျွန်တော့်စိတ်ကြိုက် အကောင်းဆုံး ပေးထားတာကတော့ “အိုပါးဂန်းနန်းစတိုင်” ဖန်တီးရှင် “PSY” ပါဘဲ။
သူ့မွေးနေ့က 31 / 12 / 1977 ဖြစ်ပါတယ်။ သူ့စီးရီး ပေါက်သွားတဲ့ ခုနှစ်က 2012 ခုနှစ်ဖြစ်ပြီး သူ့အသက် (၃၅)နှစ်ထဲမှာ ဖြစ်ပါတယ်။ ဒီတော့ 2011 ဒီဇင်ဘာလ 31 ရက်နေ့ရဲ့ မွေးနေ့ဂဏန်းကို ရှာရပါမယ်။ သူဟာ စနေသားဖြစ်ပြီး အဲဒီနေ့ဟာလည်း စနေနေ့(မွေးနေ့မွေးရက်ထပ်ပါတယ်)။ ဒါကြောင့် စနေ = “8” ဂဏန်းကို ယူရပါမယ်။
သူ့မွေးဂဏန်း (31)  နဲ့ (8) ဂဏန်းကို ပေါင်းလိုက်တော့ “39” ဂဏန်းရပါတယ်။ “39” ဂဏန်းဟာ စတားပြထားအောင် ကောင်းတဲ့ ဂဏန်းဖြစ်ပါတယ်။

ကဲ -- ဒီလောက်လွယ်တဲ့ တွက်နည်းလေးနဲ့ ကိုယ့်ရဲ့ ဘ၀မှတ်တိုင်လေးတွေ ပြန်တွက်ကြည့်ကြပေတော့။ ရှေ့လာမယ့် နှစ်တွေလည်း အလွယ်တကူတွက်ကြည့်နိုင်ပါတယ်။ (ကွန်ပျူတာ ညာဖက်ဒေါင့်အောက်မှာ ပြက္ခဒိန်ပါတယ်လေ) ကိုယ်လိုချင်တဲ့ နှစ်ကို ရှာတွက်ကြည့်ကြပေတော့။

တွက်ကြည့်လို့ သိပ်မမှန်သေးဘူး ဆိုရင်လည်း ရတယ်။ ခဏစောင့်။ ဒါက ပထမဆင့်တွက်နည်းဒုတိယဆင့် တွက်နည်းလာမယ်။ အဲဒီဂဏန်းကမှ အဆုံးအဖြတ်ဂဏန်း။ ဒါပေမယ့် ရှုပ်သွားမှာစိုးလို့ ဒါလေးဘဲ တွက်ကြည့်ဦး။

အလည်လာဖတ်ရှုသူ့အပေါင်း ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

9 comments:

  1. မှန်ပါတယ်...ဒီနှစ်၂၀၁၃အတွက်တွက်တာ...စတားပြထားတဲ့ည့ ထဲရောက်နေပါတယ်...ဒီနှစ်မှာဘဲတစ်ဘ၀လုံးစာလက်တွဲပီးးနှစ်ကုန်ရင်ယူဖို့တောင်လုပ်ထားတဲ့ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့ရပါတယ်..ပိုဆိုးတာကသူကကိုယ်နဲ့ပြတ်ပီးး၃လနဲ့တခြားမိန်းမယူသွားတာပါဘဲ...

    ReplyDelete
    Replies
    1. Surely you have seen his true colour now. He doesn't deserve you. I know it's hard to get over someone and it doesn't feel like there's anyone out there for you right now. Things get better as time passes by. You'll find someone who truly care for you and will be glad that you didn't settle for just good enough. All the best :)

      Delete
  2. ဆရာမင်းလူရဲ့ မွေးသက္ကရာဇ် အခုလေးတင်မှ ရလာလို့ ကြည့်လိုက်တော့ 18/5/1954 (အင်္ဂါသား) တဲ့။ အခု 2013 မေလ 18 ရက်ကို ကြည့်လိုက်တော့ စနေနေ့ဖြစ်နေတယ်။ ဒီတော့ 18+8 = 26 * ရလို့ အားပြင်းတဲ့ စိုးမိုးဂဏန်းထဲမှာဘဲ ဖြစ်နေတာ တွေ့ရတယ်။ ဆရာမင်းလူ ကောင်းရာသုဂတိ လားပါစေသော်။

    ReplyDelete
  3. တွက်ကြည့်လိုက်တာ ကောင်း စတား ဖြစ်နေတယ် ။ ဂွတ် ထ ဂွတ် ထ ။ ဟီးးဟီးး

    ReplyDelete
  4. :( bad * for 3 consective years..so bad ! _ !

    ReplyDelete
  5. ဆရာ ခင်ဗျား... ဒုတိယအဆင့် တွက်နည်းကို စောင့်မျှော်လျှက်ပါ...

    ReplyDelete
  6. ဆရာရှင့်...ဒုတိယဆင့်တွက်နည်းလေးကိုစောင့်မျှော်လျှက်ပါ...
    ဆရာအားရင် မြန်မြန်တင်ပေးပါနော်........လေးစားပါတယ်ဆရာ။

    ReplyDelete
  7. နောက်နှစ်ကကောင်းပါပဲနောက်ထပ်၁နှစ်ကတော့စတားပြပီဆရာရေ

    ReplyDelete
  8. နောက်နှစ်ကကောင်းပါပဲနောက်ထပ်၁နှစ်ကတော့စတားပြပီဆရာရေ

    ReplyDelete