Saturday, November 2, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0


Sunday, September 1, 2013

စက်တင်ဘာလအတွက် (၇)ရက် သားသမီးဗေဒင်



တနင်္ဂနွေ သားသမီးများ

 

အခက်အခဲ အကြပ်အတည်းများမည်။ ပြီးစီးရမည့် အလုပ်အကိုင် များ မပြီးပြတ်ဘဲ တို့လို့တန်းလန်း ဖြစ်နေမည်။ သို့သော် အပေးအယူ အလွှဲအပြောင်း ကိစ္စများ အောင်မြင်မည်။ အိုးအိမ်  အဆောက်အဦး နှင့် ပတ်သက်ပြီး ဒုက္ခများမည်။ ပြဿနာပေါ်မည်။ ဦးခေါင်း မျက်စေ့ ဥပဒ်ပေးတတ်သည်။ ခေါင်းမကြာခဏ ကိုက်ခြင်း(သို့) မူးခြင်း ဖြစ်တတ်သည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ စာပေလုပ်ငန်း ၊ သတင်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုး လုပ်ကိုင်သူများ အလုပ်အကိုင်တိုးတက်မည်။ 
ပညာရေး ကံကောင်းနေမည်။ သားသမီး ရှိသူများ သားသမီးများအတွက် ဂုဏ်ယူစရာ ကိစ္စရပ်များ ပေါ်ပေါက်မည်။ ဆရာသမားအကြီးအကဲ၏ အကူအညီ မ,စမှုကို ရရှိနိုင်မည့် ကာလဖြစ်သည်။ ငွေ အထွက်များနေမည်။ ငွေနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ ကိစ္စများ ကြုံတတ်သည်။ ကျန်းမာရေး အတော်အတန် ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အာရုံကြော နှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ တိုးနိုင်သော ကာလဖြစ်တတ်သည်။ ကံဇာတာ အညံ့များသော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာပြုလိုပါက - မွေးနေ့တွင် အုန်းထမင်းချက်ပြီး ဘုရားတွင် ကပ်လှူလိုက်ပါ။ ညနေဖက်တွင် ကြံရည် ကပ်လှူပေးပါ။ ကြံရည်မရှိလျှင် သကြားလုံး ကပ်လှူပေးပါ။

Monday, August 19, 2013

ပင်လယ် နှင့် အိပ်ရာ




တစ်ခါက သူဌေးကြီးတစ်ယောက်ဟာ ပင်လယ်ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာရင်း ကမ်းစပ်မှာ တံငါလှေတစ်စီးနဲ့ ပင်လယ်ထဲက ငါးဖမ်းရာကနေ ပြန်လာတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ပါတယ်။

သူဌေးကြီးက တံငါလူငယ်လေးကို နှုတ်ဆက်ပြီး စကားစမြည် ပြောကြပါတယ်။

သူဌေးကြီးက မေးတယ်။ “မင်း အဖိုး ရှိသေးလား”

တံငါ လူငယ်။ ။ “မရှိတော့ဘူးဗျ ၊ သေသွားပြီ”

သူဌေးကြီး။ ။ “ဘယ်လိုသေတာလဲ”

Thursday, August 15, 2013

မွေးနေ့ဗေဒင် တွက်ကြမယ် (၃)


“မွေးနေ့ဗေဒင်တွက်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးတွေကို ရေးလာတာ အပိုင်း (၁) နဲ့ (၂) နဲ့ တော့ ပြီးသွားပါပြီ။ နားလည်သူများပေမယ့် နားမလည်တဲ့ သူတွေလည်း ရှိပါတယ်။ မှန်ကန်မှုအပိုင်းကတော့ ခပ်သင့်သင့်ပေါ့နော်။ (၇၀)%လောက်တော့ မှန်ကြမှာပါ။ ဒီထက် မှန်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် ဒီလောက်လွယ်တဲ့နည်းတွေ တောင်မှ မှန်အောင်မတွက်နိုင်တော့ ခက်တဲ့နည်းတွေ တင်ပေးဖို့ စိတ်မကူးတော့ပါဘူး။

ပြီးခဲ့တဲ့ တွက်နည်း (၂)ခုစလုံးက “မဟာဘုတ်” တွက်နည်းတွေချည်းပါဘဲ။ ဒါကြောင့် မယဉ်ပါးသူတို့အတွက် ခက်ကောင်းခက်မယ်ပေါ့။

အခုတင်မယ့် နည်းလေးက မြန်မာနည်းမဟုတ်ဘဲ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး လွယ်သမှလည်း သိပ်လွယ်ပါတယ်။ ပထမဆင့် နဲ့ ဒုတိယဆင့် (၂)ဆင့်ရှိပြီး ပထမဆင့်ကို ရှေးဦးဖော်ပြပါ့မယ်။ အပေါင်းအနုတ် တတ်ရင် တွက်လို့ရပြီ။ မူလတန်းကလေးတောင်မှ တွက်တတ်မယ့် နည်းဖြစ်တယ်။ ကြည့်ကြရအောင်လား။

Tuesday, August 13, 2013

Blogspot သို့ ပြောင်းရန် ဆုံးဖြတ်ခြင်း

 

ဗေဒင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ compubaydathukhuma.com ကို တည်ထောင်ခဲ့တာ အခုဆိုရင် (၄)နှစ်ကျော် (၅)နှစ်ထဲ ရောက်လာပါပြီ။ ၀င်ကြည့်တဲ့ လူဦးရေပေါင်းကလည်း (၄)သန်းကျော် ရှိသွားပါပြီ။ (တကယ်အမှန်အကန်ပါ) 

ဒီ (၄)နှစ်ကျော်အတွင်းမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတွေကတော့ “နည်းပညာ” ပြဿနာဘဲ ဖြစ်ပါတယ်။ ကျွန်တော်က “ဆရာတေးအေးရိပ်” မြှောက်ပေးလို့သာ blog တစ်ခု ထောင်ဖြစ်သွားတာ။ အွန်လိုင်း/အင်တာနက်/ဘလော့ဂ် နည်းပညာက လောက်လောက်လားလား ဘာမှ သိတာမဟုတ်ဘူး။ ဒါကြောင့် ပထမဆုံး blogspot မှာ ၀င်ရေးတယ်။ နောက်တော့ တစ်ယောက် BytheHost မှာ Free ရလို့ အဲဒီဘက် ပြောင်းပြန်တယ်။ ဒါပေမယ့် ၀င်ကြည့်တဲ့လူဦးရေက တစ်နေ့ကို (6000) ကျော်လောက်ဖြစ်လာတော့ Free ပေးနေတဲ့ BytheHost က အလကားမပေးတော့ဘူးဗျ။

Saturday, August 10, 2013

ဖုန်းရွှေပညာ (၁)


ဖုန်းရွှေ ပညာ (၁)
-------------------

“ဖုန်းရွှေ” ပညာ ဆိုတာ တရုတ်လူမျိုးတို့၏ ရိုးရာ အမွေအနှစ် “ဂမ္ဘီရ” ပညာတစ်ခုဖြစ်ပါတယ်။ တရုတ်အသံထွက် အမှန် (အနီးစပ်) ဆုံးကတော့ “ဖန်းရှုရီ” (Feng shui) လို့ ထွက်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာကို ပထမဆုံး မိတ်ဆက်ပေးသူလို့ ဆိုနိုင်လောက်တဲ့ “ဆရာဟိန်းလတ်” က သူရဲ့ ပထမဆုံး (Feng shui) စာအုပ်ကို “ဖုန်းရွှေ” လို့ နာမည်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီပညာဟာ “ဖုန်းရွှေ” လို့ “နာမည်ပေါက်” သွားပါတော့တယ်။

“ဖုန်းရွှေ” ဆိုတာ ဘာလဲ? ။ ဘယ်လို ဂမ္ဘီရ ပညာလဲ? ။ ဟုတ်ကဲ့ – မှန်တဲ့အတိုင်း ပြောရင် ကျွန်တော်လည်း သိပ်ကြီးတော့ မသိပါ။ ဒီပညာက ကျွန်တော် ကျွမ်းကျင်တဲ့ ပညာတစ်ခု မဟုတ်ပါ။

ဒီပညာနဲ့ ပတ်သက်ရင် “ဆရာဟိန်းလတ်” နဲ့ “ဆရာသက်လုံ” တို့ရဲ့ စာအုပ်တွေလောက်သာ ဖတ်ဘူးပြီး ဒီပညာအကြောင်း နှိုက်နှိုက် ချွတ်ချွတ် မလေ့လာဘူးပါ။ (စာအုပ်ဖတ်ဖူးရုံနဲ့ ပညာရပ်တစ်ခုဟာ တတ်မြောက်မသွားပါ။ လက်တွေ့နဲ့ ယှဉ်ပြီးတော့ လည်း သုတေသန ပြုဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့“စာသိ” လောက်ဘဲ ရှိပါတယ်)


Monday, July 1, 2013

ဇူလိုင်လအတွက် (၇)ရက် သားသမီးဗေဒင်

8_ Circle & Face_01 (456 x 458)
.
ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။
.
# တနင်္ဂနွေ သားသမီးများ
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။
ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။