Monday, July 1, 2013

ဇူလိုင်လအတွက် (၇)ရက် သားသမီးဗေဒင်

8_ Circle & Face_01 (456 x 458)
.
ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။
.
# တနင်္ဂနွေ သားသမီးများ
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။
ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။