Thursday, March 11, 2010

မွေးနေ့ဗေဒင် တွက်ကြမယ် (၂)


Happy Birthday2

မွေးနေ့ဗေဒင်တွက်ကြမယ် အပိုင်း ()ကို ၂၀၁၀ ခုနှစ် မတ်လထဲမှာ စ, တင်ပေးလိုက်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အဖတ်အများဆုံး ဆောင်းပါးထဲမှာ နံပါတ်()နေရာ ကို ချိတ်နိုင်ခဲ့ပါတယ်။ ၀င်ရောက်ဖတ်ရှုသူဦးရေ သုံးသောင်းနီးပါး ရှိခဲ့တယ်။ တိုက်ဆိုင်မှု အတော်ရှိတယ်လို့လည်း အကြောင်းပြန်ကြားချက်တွေ ကြားရပါတယ်။ ဒါပေမယ့် ခက်တာက ယနေ့အချိန်အထိ အဲဒီတွက်နည်းကို ကောင်းကောင်း မတွက်တတ်ကြတဲ့ သူတွေ ရှိနေသေးတယ်။ တစ်ချို့ကြပြန်တော့လည်း မှန်အောင်တော့ တွက်တတ်ပါတယ် - ဒါပေမယ့် အဖြေကို ကောင်းကောင်းမထုတ်တတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်သွင်းတွက်ချက်ရတဲ့ ဂြိုဟ်တွေက မွေးနံဂြိုဟ်အပါအ၀င် ()လုံးတောင် ဖြစ်နေတော့ အပေါ်အောက် ဂြိုဟ်တွေ ပြန့်ကျဲနေရင် အကောင်းအဆိုး ဘာပြောရမှန်း မသိကြတော့ဘူး ဆိုတာတွေလည်း ရှိပါတယ်။ 

 
ဒီတော့ ကျွန်တော့်အနေနဲ့ မွေးနေ့ဗေဒင်တွက်နည်းကို ဒီထက် လွယ်ကူအောင် စဉ်းစားရပါတော့တယ်။ လွယ်ကူတဲ့ နည်းသစ်ကလေးတွေ တီထွင်ရပါတယ်။ တီထွင်ယုံနဲ့ မပြီးဘဲ လက်တွေ့မှန်ကန်မှုကော ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်ရပါသေးတယ်။ လက်တွေ့မှန်ကန်မှု (၇၀)% အထက်ရှိပြီဆိုတဲ့ နည်းကိုသာ ရွေးချယ်လိုက်ပြီး (၇၀)% အောက်ဆိုရင် ပယ်ပစ် လိုက်ပါတယ်။ ဒီလိုနဲ့ ပိုမိုလွယ်ကူတဲ့ မွေးနေ့ဗေဒင်တွက်နည်း လေးတွေ ထပ်မံရရှိလာပါတယ်။ အဲဒီထဲက လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို “မွေးနေ့ဗေဒင်တွက်နည်း ()” အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူများအတွက် တွက်ရ/ဟောရ ပိုမိုလွယ်ကူတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။
—————————————————————————————————————-

မွေးနေ့ဗေဒင်တွက်နည်း ()
ယခင် “မွေးနေ့ဗေဒင်တွက်ကြမယ်” ဆောင်းပါးကို မဖတ်ဘူးသူများအတွက် “မွေးနေ့ဗေဒင်တွက်တယ်” ဆိုတာ ဘာလဲ ဆိုတာကို ပြန်ပြောပြပါဦးမယ်။ မွေးနေ့ဗေဒင်ဆိုတာ နှစ်တိုင်းနှစ်တိုင်း ကိုယ့်မွေးနေ့ကို ကျရောက်လာပြီဆိုရင် ရှေ့လာမည့် တနှစ်တာကာလရဲ့ ကံဆိုးကံကောင်းကို (လူတော်တော်များများ) သိချင်ကြပေလိမ့်မယ်။ အဲသည်လို တစ်နှစ်စာ အကောင်း/အဆိုးတွက် မွေးနေ့ကျရောက်တဲ့ “အဲဒီနေ့” ရဲ့ Data အချို့ကို ကောက်ယူပြီး တွက်ချက်တဲ့ နည်းပါ။ ယခင်တွက်နည်း ()က “မဟာဘုတ်” တွက်နည်းဖြစ်ပြီး ယခု တွက်နည်း ()ကလည်း “မဟာဘုတ်” တွက်နည်းပါဘဲ။ နောက်ထပ် “ဂဏန်းဗေဒင်” နည်းနဲ့ တွက်တဲ့နည်းတွေလည်း ရှိပါသေးတယ်။ အလျှဉ်းသင့်သလို တင်ပြပေးသွားပါမယ်။

ယခုတွက်နည်းက ယခင်တွက်နည်း ()ထက် အများကြီး ပိုမိုလွယ်ကူပါတယ်။ ယခင်တွက်နည်းမှာ ကိုယ့်ရဲ့ “မူလမဟာဘုတ်” ခွင် နဲ့ “ကောဇာမဟာဘုတ်ခွင်” နှစ်ခွင် လိုအပ်ပါတယ်။ အခုတွက်နည်းကတော့ “မူလ မဟာဘုတ်ခွင်” ကို လုံးဝ ထည့်တွက်စရာမလို။ အသုံးမပြု ။ ကိုယ့်မွေးနေ့ကျရောက်တဲ့ နေ့မှာ ရှိတဲ့ ( ကောဇာမဟာဘုတ်ခွင်) တစ်ခုတည်းကိုဘဲ သိရင် ရပြီ။
ဒီတော့ သိရမယ့် အချက်တွေက
() ကိုယ့်မွေးနေ့ကျရောက်တဲ့ နှစ်ရဲ့ မဟာဘုတ်ခွင်  (မူလမွေးဇာတာ မဟာဘုတ်ခွင်မဟုတ်ဘူးနော် ၊ မူလ မွေး မဟာဘုတ် လုံးဝ မေ့ထားပါ)

() ကိုယ့် ဘာနေ့သားသမီးလဲ ?
() ကိုယ့် မွေးနေ့မှာ လာကျနေတဲ့ နေ့က ဘာနေ့လဲ ?
() ကိုယ် အခု ဘယ်ဂြိုဟ်ရဲ့ သက္ခတ် (သက်ရောက်) ထဲရောက်နေလဲ ?
= အဲဒီ Data ()ခုသိရင် ရပါပြီ။
= နေဦး အရေးကြီးတာ ရှိသေးတယ်။ ရလာတဲ့ နေ့နံ တွေနဲ့ တူညီတဲ့ ဂဏန်း ဖလှယ်ဖို့ လိုသေးတယ်။ ဒါလေး မှတ်ထားပါ။
တနင်္ဂနွေ = (၁) ဂဏန်း ၊  တနင်္လာ=  (၂) ဂဏန်း ၊ အင်္ဂါ = (၃) ဂဏန်း ၊ ဗုဒ္ဓဟူး = (၄)ဂဏန်း ၊ ကြာသပတေး = (၅) ဂဏန်း ၊ သောကြာ = (၆) ဂဏန်း ၊ စနေ = (၀) ဂဏန်း ၊ ရာဟု = (၄) ဂဏန်း လို့ ယူပြီး ရလာတဲ့ နေ့နံတွေကို ဂဏန်းတွေအဖြစ် ပြောင်းယူပါ။
ကဲ လက်တွေ့ဘဲ တွက်ကြည့်လိုက်ရအောင် ။

ဇာတာ ()
၂၀၁၀ ခုနှစ် ၊ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ မှာ အသက် (၄၃)နှစ်ပြည့်ပြီး (၄၄)နှစ်ထဲကို ၀င်တဲ့ သူတစ်ယောက်ရဲ့ မွေးနေ့ဗေဒင်ကို တွက်ကြည့်ရအောင်။ အချက်အလက်တွေ ယူမယ်ဆိုရင်
(က) ခရစ်နှစ် (၂၀၁၀) ခုနှစ်ဟာ ဖေဖေါ်ဝါရီလ ဟာ “မဟာဘုတ်အကြွင်းနှစ်” ()ကြွင်းနှစ်ဖြစ်တယ်။ (အောက်မှာ ခရစ်သက္ကရာဇ် အလိုက် ရရှိမယ့် “မဟာဘုတ်အကြွင်းနှစ်ဇယား”ကို ထည့်ပေးထားပါတယ်။ အလွယ်တကူ ကြည့်ရုံပါဘဲ။
() တွက်မယ့်လူဟာ “အင်္ဂါ” သား ဖြစ်တယ်။ ဒါကို ဂဏန်းနံပါတ်အဖြစ်ဖလှယ်မယ်။ အင်္ဂါ ဆိုတော့ နံပါတ် ()ပေါ့။
() ၂၀၁၀ ဖေဖေါ်ဝါရီ (၂၈)ရက်နေ့မွေးနေ့မှာ ကျရောက်တဲ့ “နေ့” က “တနင်္ဂနွေနေ့” ဖြစ်နေပါတယ်။ ဂဏန်းနံပါတ်အရ () ဂဏန်းကို ယူပါမယ်။
() ၂၀၁၀ ဖေဖေါ်ဝါရီ (၂၈)ရက်နေ့ မှာ သူ့အသက် (၄၃)နှစ်ပြည့်တော့ အသက် (၄၄)နှစ်အတွက် တွက်ရမှာ ဖြစ်ပါတယ်။ အသက် (၄၄)နှစ်ဟာ အင်္ဂါသားအတွက် “ကြာသပတေး” သက္ခတ်ထဲကို ရောက်နေပါတယ်။ ဂဏန်းနံပါတ်အရ ()ဂဏန်းကို ယူရပါမယ်။
= အဲသည်လို Data တွေ ရလာပြီဆိုတော့ တွက်လို့ရပါပြီ။ ပြီးရင် နံပါတ် (က)က ရတဲ့ မဟာဘုတ် ()ကြွင်းကို ချလိုက်။ အောက်ကပုံ ရမယ်။
Mahabote Chart1
ချလို့ပြီးရင် - အချက်အလက် ()()() အရ ရရှိလာတဲ့ ဂဏန်း (), () , () များကိုသာ ချန်ထားပြီး ကျန်ဂြိုဟ်များကို မဟာဘုတ်ခွင်ထဲကနေ ဖျက်လိုက်ရင် အောက်က ပုံကို ရလိမ့်မယ်။
Mahabote Chart2
အဲသည်မှာ မဟာဘုတ်ခွင်ထဲမှာ ဂြိုဟ်()လုံးဘဲ တွေ့ရတော့မယ်။ သူ့မွေးနံ အင်္ဂါ ()ရယ် ၊ မွေးနေ့ဂြိုဟ် တနင်္ဂနွေ () ရယ် ၊ သက္ခတ်ဂြိုဟ် ကြာသပတေး ()ရယ်ဘဲ တွေ့ရမယ်။ ရပ်တည်နေပုံတွေကိုလည်း ကြည့်ပါဦး။ အထွန်း ၊ သိုက် ၊ အဓိပတိ ။ ကျွန်တော့် လက်တွေ့စမ်းသပ်မှုတွေအရ ပြောရရင် ဂြိုဟ်()လုံးဟာ မဟာဘုတ်ရဲ့ “အထွန်း၊ သိုက် ၊ အဓိပတိ” ()နေရာမှာ ဖြန့်ကျက်တည်ရှိမှုဟာ နံပါတ်()အကောင်းဆုံးလို့ ပြောရပါမယ်။
လက်တွေ့မှာလည်း အဲဒီခွင်ရတဲ့ သူ့အသက် (၄၄)နှစ်မှာ သူ့စီးပွားရေးဟာ တရှိန်ထိုး တက်သွားပြီး မူလချမ်းသာကြွယ်ဝမှု ထက် အဆ(၂၀)လောက် ချမ်းသာသွားပါတယ်။ ကျွန်တော့် ညီဝမ်းကွဲတစ်ယောက်ရဲ့ မွေးနေ့ဗေဒင် Chart လေးပါ။

.
နောက်ထပ် နမူနာ တစ်ခုကို ကြည့်ရဦးစို့။
.
ဇာတာ ()
၂၀၁၂ ခုနှစ် ဇွန်လ (၁၉)ရက်နေ့မှာ အသက် (၆၇) ပြည့်ပြီး ၊ (၆၈)နှစ်ထဲကို ရောက်မယ့် အင်္ဂါ သမီးတစ်ယောက်ရဲ့ မွေးနေ့ဗေဒင်ပါ။
() ၂၀၁၂ ခုနှစ် ဇွန်လ ရဲ့ အကြွင်းက ()ကြွင်း ဖြစ်ပါတယ်။
() တွက်မယ့်လူဟာ “အင်္ဂါ” သမီး ဖြစ်တယ်။ ဒါကို ဂဏန်းနံပါတ်အဖြစ်ဖလှယ်မယ်။ အင်္ဂါ ဆိုတော့ နံပါတ် ()ပေါ့။
() ၂၀၁၂ ဇွန်လ (၁၉)ရက်နေ့မွေးနေ့မှာ ကျရောက်တဲ့ “နေ့” က “အင်္ဂါနေ့” ဘဲ ဖြစ်နေပါတယ်။ မွေးနေ့ မွေးရက် ထပ်တယ်လို့ ပြောရပါမယ်။ ဂဏန်းနံပါတ်အရ () ဂဏန်းကိုဘဲ ယူပါမယ်။
() ၂၀၁၂ ဇွန်လ (၁၉)ရက်နေ့ မှာ သူမ အသက် (၆၇)နှစ်ပြည့်တော့ အသက် (၆၈)နှစ်အတွက် တွက်ရမှာ ဖြစ်ပါတယ်။ အသက် (၆၈)နှစ်ဟာ အင်္ဂါသမီးအတွက် “ကြာသပတေး” သက္ခတ်ထဲကို ရောက်နေပါတယ်။ ဂဏန်းနံပါတ်အရ ()ဂဏန်းကို ယူရပါမယ်။
= အဲသည်လို Data တွေ ရလာပြီဆိုတော့ တွက်လို့ရပါပြီ။ ပြီးရင် နံပါတ် (က)က ရတဲ့ မဟာဘုတ် (၂)ကြွင်းကို ချလိုက်။ အောက်ကပုံ ရမယ်။
Mahabote Chart3

ချလို့ပြီးရင် - အချက်အလက် ()()() အရ ရရှိလာတဲ့ ဂဏန်း (), () , () များကိုသာ ချန်ထားပြီး ကျန်ဂြိုဟ်များကို မဟာဘုတ်ခွင်ထဲကနေ ဖျက်လိုက်ရင် အောက်က ပုံကို ရလိမ့်မယ်။
Mahabote Chart4

ဒီဇာတာရှင်ဟာ သူ့အသက် (၆၈)နှစ်မှာ ရရှိတဲ့ ဂြိုဟ်()လုံးဟာ မဟာဘုတ်ခွင်မှာ အဆိုးဆုံးဖြစ်တဲ့ “မရဏ” နဲ့ တတိယ အဆိုးဆုံး ဖြစ်တဲ့ “ပုတိ” ခွင်တွေမှာ စုပြုံရပ်နေတာကိုတွေ့ပါလိမ့်မယ်။ ဘယ်သူများပါလိမ့် ?
ဟုတ်ကဲ့ - အခုတလော “လက်ပန်းတောင်းတောင် ကိစ္စ” နဲ့ ပြည်သူတစ်ချို့ရဲ့ ငြိုငြင်မှု နဲ့ ဝေဖန်မှုကို ခံနေရတဲ့ ပြည့်သူ့ခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်” ရဲ့ မွေးနေ့ ဇာတာ Chart ပါ။
အနှစ်(၂၀)ကျော် လုံးလုံး ပြည်သူ့ထောက်ခံမှုကို အမြဲတစေ ရရှိခဲ့တဲ့ ဒေါ်အေင်ဆန်းစုကြည် ဟာ အသက် (၆၈)ထဲကို ၀င်လာကတည်းက ရခိုင်အရေး ၊ ကချင်အရေး ၊ လက်ပန်းတောင်းတောင် အရေးများကြောင့် ပြည်သူအများရဲ့ ဆန့်ကျင်ကန့်ကွက်မှုကိုပါ ခံရတာ အံ့သြစရာပါဘဲ။ ဒါကို ဂဏန်းလေးတွေက ဖော်ပြနေပါတယ်။
“ပုတိ” ဌာနဟာ “မကောင်းသတင်းကျော်စောခြင်း ၊ အစွပ်စွဲ အပုပ်ချ ခံရခြင်းများ” အများဆုံးဖြစ်တတ်ပြီး အဲဒီမှာ မွေးနံဂြိုဟ် ()လုံး ထပ်နေတာ မှတ်သားစရာပါဘဲ။ နောက်ပြီး ဒီနှစ်မှာ “မွေးနေ့မွေးနံ” ကလည်း သွားထပ်နေတယ်(မွေးနေ့မွေးနံ ထပ်တယ်ဆိုတာ သူ့မွေးနေ့သူပြန်ကျတာ)။ အဲဒါက လည်း ပြဿနာကြီး တစ်ခုခု ၀င်တတ်တဲ့ ကိန်းတစ်မျိုးဖြစ်ပြန်ရော။

မွေးနေ့မွေးရက် ထပ်ခြင်း

ကိုယ့်မွေးနေ့မွေးရက် မှာ ကိုယ့်မွေးနေ့ဟာ ကိုယ့်မူလမွေးနေ့အတိုင်း တစ်ထပ်တည်းပြန်ကျတာကို မွေးနေ့မွေးရက် ထပ်တယ် ဆိုပါတယ်။ အဲဒီနှစ်တွေမှာ လူတော်တော်များများ အညံ့ကြုံတတ်လေ့ရှိတယ်။ လူတစ်ယောက် တစ်သက်မှာ အနည်းဆုံး မွေးနေ့မွေးရက် (၁၀)ကြိမ်လောက် ထပ်တတ်တယ်။ အဲဒီထဲက ()ကြိမ်လောက်မှာ အားပြင်းတဲ့ အညံ့အဆိုးတွေ ကြုံတတ်တယ်။ တစ်ခါတစ်ရံ မွေးနေ့မွေးရက် ထပ်တာ ဘယ်လောက် ဆိုးလည်းဆိုတော့ ဂြိုဟ်တွေအားလုံး မဟာဘုတ် အပေါ် ()ဌာနမှာ ရပ်တာတောင်မှ အဆိုးမလွတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် မွေးနေ့မွေးရက်ထပ်တဲ့ နှစ်တွေမှာ ဂြိုဟ်တွေအားလုံး အပေါင်းအား (+၂၀၀)ကျော် ရနေရင်လည်း အဲဒီနှစ်မှာ ကံကောင်းမယ်လို့ ပုံသေပြောမရပါဘူး။ ဒါလေးကို မှတ်ထားပါ။
ဒီတော့ ကျွန်တော်တို့ မဟာဘုတ်ခွင်မှာ ဂြိုဟ်တွေ ရပ်တည်တော့ ဒီရပ်တည်တဲ့ ဌာနတွေရဲ့ အင်အားကို တွက်ကြည့်ရအောင်။
Mahabote Chart8
ဒီပုံမှာ ပါတဲ့ မဟာဘုတ် ဌာနတွေရဲ့ အင်အားကတော့ ကျွန်တော့်ရဲ့ လက်တွေ့စမ်းသပ်မှုတွေအရ အမှတ်ပေးထားတာဖြစ်ပါတယ်။ မှန်မမှန် လက်တွေ့ လေ့လာကြည့်ကြပေါ့ဗျာ။ “အဓိပတိ” ဌာနဟာ လူတစ်ချို့က ထိပ်ဆုံးမှာ ရှိလို့ သိပ်ကောင်းတယ် ထင်ကြတယ်။ မဟုတ်ပါဘူး။ အကောင်း/အဆိုး ရောနေတဲ့ ဌာနပါ။ “ပုတိ” ဌာနဟာလည်း အဆိုး သက်သက် မဟုတ်ဘဲ အကောင်းလည်း နည်းနည်းပါနေတဲ့ ဌာနဖြစ်ပါတယ်။
ထူးခြားတာ တစ်ခုက ဒီတွက်နည်းမှာ ဂြိုဟ် ()လုံးဟာ တစ်ခုက “အထွန်း” မှာ ရပ်တည်နေပြီး တစ်ခုက “အဓိပတိ” မှာ ရပ်တည်နေရင်တော့ “အဓိပတိ” ရဲ့ အမှတ်ဟာ (၁၀၀) မှတ် အပြည့်ဖြစ်သွားပါတယ်။ ဒါကို သတိထားပါ။ ဘာကြောင့်လဲ မမေးပါနဲ့။ လက်တွေ့တွက်ချက်မှုပေါင်း များစွာက သိလာတဲ့ အဖြေပါ။ အထွန်းမှာ ဂြိုဟ်မရှိရင်တော့ “အဓိပတိ” ရဲ့ အားဟာ (+၇၀ နဲ့ - ၃၀) ပြန်ဖြစ်သွားပါမယ်။
နမူနာတွက်ချက်မှု ဇာတာတွေအရ ဇာတာနံပါတ် () က အပေါင်းအား (+၂၈၀) တောင်မှ ရပြီး ၊ ဒေါ်စုရဲ့ ဇာတာကတော့ အနုတ် (-၁၇၀) နဲ့ အပေါင်း (+၃၀) ရပါတယ်။ ဒါပေမယ့် “မွေးနေ့မွေးရက်ထပ်” တဲ့ အားကလည်း အတော်ပြင်းတယ်နော်။ ဒါကို အမြဲထည့်တွက်ရမယ်။
အင်အားကိုတော့ သိပြီ။ ဂြိုဟ်တွေ ရပ်တည်မှုက ဘယ်လိုအကျိုးပေးမလဲ ဆိုတာကို ဆက်ကြည့်ရဦးစို့။ အဲဒါတွေက “မွေးနေ့ဗေဒင်တွက်ကြမယ် ()” ထဲမှာလည်း ပါပါတယ်။ အဲဒါလေးလည်း သွားဖတ်ကြည့်ကြဦး။ ဒီမှာ လင့်ခ် ပေးထားပါတယ်။  ဒီနေရာကို နှိပ်ပါ။ “မွေးနေ့ဗေဒင် တွက်ကြမယ် (၁)” ။
.
တွက်လို့ရတဲ့ ဂြိုဟ် (၃)လုံးရဲ့ ရပ်တည်မှုတွေဟာ -
= အထွန်း ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အောင်မြင်မယ်၊ တိုးတက်ထွန်းကားမယ်၊ နာမည်ဂုဏ်သတင်း ကျော်စောမယ်၊ ငွေကြေးဝင်မယ်။ စုတ်ကော၊ လာဘ်ကော ကောင်းမွန်မယ်။ လုပ်သမျှ ကိုင်သမျှ အဆင်ပြေမယ်။ ဂုဏ်ပြုချီးမွမ်းခံရမယ်။ လူမှုဆက်ဆံရေး အလွန် အောင်မြင်မယ်။
= သိုက် ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – စိတ်ချမ်းသာမယ်။ ငွေကြေး စီးပွားဝင်မယ်။ မိသားစုနဲ့ ပျော်ရွှင်ရမယ်။ ဘ၀လုံခြံမှုနဲ့ စိတ်အေးချမ်းမှု ကို ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံကောင်းမယ်။
= ရာဇ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ရာထူးတက်မယ်။ အလုပ်အကိုင် တိုးတက်မယ်။ ဘ၀အဆင့် မြင့်မားလာမယ်။ အကြီးအကဲ ဆရာသမား စောင့်ရှောက်ခံ ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ရှုတ်ထွေးမယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ရတတ်တယ်။ လုပ်ငန်းတူ အပြိုင်အဆိုင် ပေါ်မယ်။ ရန်သူပေါ်မယ်။ ရန်သူရှိတယ်။
= အဓိပတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အကြီးအကဲဖြစ်မယ်။ တာဝန်ကြီးတွေ ယူရမယ်။ စိတ်သောက များမယ်။ Stress များမယ်။ အပြိုင်အဆိုင်တွေကို အနိုင်ရမယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်တယ်။ အနားမယူနိုင်လောက်အောင် အလုပ်များလိမ့် မယ်။ နာမည် ဂုဏ်သတင်းလည်း အလွန်ကြီးမယ်။ “သက္ခတ်” ကောင်းရင် ထိပ်ဆုံးထိ ရောက်မယ်။ (“အထွန်း” နဲ့ တွဲရပ်တည် ရင် ကံကောင်းမှုတွေ ပိုများမယ်)
= ပုတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကောင်းစရာ ရှိရင်လည်း အရမ်းကောင်းမယ်။ ဆိုးစရာ ရှိရင်လည်း အရမ်းဆိုးမယ်။ ကောင်းအား/ဆိုးအား ပြင်းထန်တတ်တယ်။ မကောင်းသတင်း ကျော်စောတတ်တယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်တယ်။ ကျန်းမာရေး သတိထားရမယ်။ အစားမှား၊ ဆေးမှား ဖြစ်တတ်တယ်။ ကိုယ့်ကို နာမည်ဖျက် အရှက်ခွဲသူပေါ်မယ်။ ရန်သူပေါ်မယ်။ တိတ်တဆိတ် လုပ်ကြံခံရတတ်တယ်။
= ဘင်္ဂ ဌာမှာ ဂြိုဟ်ရပ်တည်ရင် – အလုပ်၊ နေရာထိုင်ခင်း အပြောင်းအလဲ ဖြစ်တတ်တယ်။ ကျန်းမာရေး ချို့ယွင်းတတ်တယ်။ မတော်တဆဘေးဥပဒ်တို့၊ သဘာဝ ဘေးဥပဒ်တို့ တွေ့ကြုံတတ်တယ်။ အခက်အခဲ ပြဿနာကြီးတွေ ၀င်မယ်။ ငွေကြေး အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေးတွေမှာ ကြီးမားတဲ့ ပြဿနာတွေ ကြုံမယ်။
= မရဏ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကျန်းမာရေး အလွန်ညံ့မယ်။ ဘေးဥပဒ်ကြီးတွေ ကြုံမယ်။ ဆေးရုံဆေးခန်းတွေ ရောက်တတ်တယ်။ ရန်သူမျိုး ()ပါး တွေ့ကြုံတတ်တယ်။ ရှောင်တခင် ဘေးဥပဒ်များ တွေ့တတ်တယ်။ Accident ကြုံတတ်တယ်။ အမှားတွေ အများကြီး လုပ်မိတတ်တယ်။ ဘာအရာကိုမဆို အလွန်အကျွံ လုပ်မိတတ်လို့ “တန်ဆေး လွန်ဘေး” ဆိုတာ ဖြစ်တတ်ပါတယ်။
= မွေးနံဂြိုဟ်၊ မွေးနေ့ဂြိုဟ် နဲ့ သက္ခတ်ဂြိုဟ်တစ်လုံး နဲ့ တစ်လုံး “ပက္ခတ်” မိနေရင် ဒီနှစ်ဟာ အထူးသတိထားရမယ်။ Accident , ကျန်းမာရေး, အိမ်ထောင်ရေး, လူမှုရေး ပြဿနာကြီးတွေ ၀င်တတ်တယ်။ အဓိက ကတော့ ကျန်းမာရေး နဲ့ Accident ဖြစ်ပါတယ်။

ပက္ခတ်မိခြင်း

မဟာဘုတ်အကြောင်းပြောရင် ပက္ခတ်မိခြင်းဟာ လုံးဝ ချန်လှပ်လို့မရပါဘူး။ အခုတွက်နည်းမှာ ဂြိုဟ်ကတော့ ()လုံးထဲဘဲဆိုတော့ ကြည့်ရတာ လွယ်ပေမယ့် ပက္ခတ်မိတာကိုတော့ ချန်လို့မရပါဘူး။ ဂြိုဟ်()လုံးက ချကြည့်လိုက်ရင် ဂြိုဟ်တွေ တစ်လုံးနဲ့ တစ်လုံး ပက္ခတ်မိနေရင် ဆိုးအားပြင်းထန်တတ်ပါတယ်။ ပက္ခတ်ရဲ့ အင်အားကို အနုတ် (- ၁၀၀) လောက် အမှတ်ပေးရပါမယ်။ ဘယ်လိုအနေအထားတွေမှာ ပက္ခတ်မိတတ်လဲ။ အောက်က ပုံလေးကို ကြည့်ပါ။
 Mahabote Chart5
အထက်က ပုံအရ
= ဂြိုဟ်တစ်လုံးဟာ “အထွန်း” မှာရှိပြီး တစ်လုံးက “ပုတိ” မှာ ရှိရင် ပက္ခတ်မိပါတယ်။
= ဂြိုဟ်တစ်လုံးဟာ “သိုက်” မှာရှိပြီး တစ်လုံးက “ရာဇ” မှာ ရှိရင် ပက္ခတ်မိပါတယ်။
= ဂြိုဟ်တစ်လုံးဟာ “အဓိပတိ” မှာရှိပြီး တစ်လုံးက “မရဏ” မှာ ရှိရင် ပက္ခတ်မိပါတယ်။
= ဂြိုဟ်နှစ်လုံးဟာ “ဘင်္ဂ” ဌာနမှာဘဲ ပူးပြီး ရပ်တည်နေရင်လည်း ပက္ခတ်မိပါတယ်။
ပက္ခတ်မိရင် ရမှတ်ထဲက အနည်းဆုံး အမှတ် (- ၁၀၀)လောက် လျှော့သွားတတ်ပါတယ်။ (ပိုများရင် များဖို့ဘဲ ရှိတယ်)
တစ်ခါတစ်လေ ကံမကောင်းရင် “ပက္ခတ်” နှစ်ချက်ဆင့် မိတာလည်း ရှိပါတယ်။ ဥပမာ - “အထွန်း”မှာ ဂြိုဟ် တစ်လုံး ရပ်ပြီး “ပုတိ”မှာ ဂြိုဟ်()လုံး ပူးနေတာမျိုးပေါ့။ အောက်ကပုံကို ကြည့်ပါ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၃၂)နှစ်ပြည့် မွေးနေ့ Chart ဖြစ်ပါတယ်။ (၃၂)နှစ်ပြည့်တော့ (၃၃)နှစ်ရဲ့ သက္ခတ်ကိုယူရပါမယ်။ ဗိုလ်ချုပ်ဟာ အသက် (၃၃)နှစ် “စနေ သက္ခတ်” ထဲမှာ လုပ်ကြံခံရတာဖြစ်တယ်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၁၃)ရက်ဟာ (၆)ကြွင်းနှစ် ဖြစ်ပါတယ်။ နေ့က “ကြာသပတေး” နေ့ကျပါတယ်။ ဗိုလ်ချုပ်ရဲ့ မူလမွေးနေ့က “စနေသား” ဖြစ်ပါတယ်။ ဒီတော့ Data (၃)ခုက (၀) (၅) (၀) ရပါတယ်။ ဒါကို Chart တစ်ခုတည်း ပေါင်းပြီး ချကြည့်လိုက်ရင် ဒီလို အနေအထားတွေ့ရမယ်။
Mahabote Chart7

 အဲဒါ ပက္ခတ် ()ချက်ဆင့် မိတဲ့ အနေအထားပါ။ တော်တော် ဆိုးပါတယ်။ ဒီပုံကို အမှတ်တွက်ကြည့်မယ်ဆိုရင် ပုတိ နှစ်လုံးက အနုတ် (-၁၄၀) ၊ ပက္ခတ်မိတာက ရိုးရိုးမဟုတ် ၊ နှစ်ချက်ဆင့်မိတော့ အနုတ် (-၂၀၀) ဖြစ်သွားပါတယ်။ ဒီတော့ စုစုပေါင်း = အနုတ် (-၃၄၀) တောင်မှ ရှိပါတယ်။ အဲဒီနှစ်ဟာ “အထွန်း” ကြာသပတေးသဘောကြောင့် “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်” နဲ့ လူထုကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို “ပုတိ” နှစ်လုံးဖြစ်ခြင်း ၊ ပက္ခတ်နှစ်ချက်ဆင့် မိခြင်း တို့ကြောင့် ရုတ်တရက် အသက်ဘေးဥပဒ် ကြုံရခြင်းများ ဖြစ်ရတာဖြစ်ပါတယ်။
အဲဒီ နမူနာ ()ခုလောက် ဆိုရင် ကိုယ့်ဟာကိုယ် တွက်လို့ရလောက်ပါပြီနော်။ လိုတဲ့ ဇယားလေးတွေ ထည့်ပေးမယ်။ ပထမဆုံး ကိုယ့်ရဲ့ မွေးနေ့ကျတဲ့ ခုနှစ်ဟာ ဘာအကြွင်းလဲ ဆိုတာ သိရအောင် ဒီဇယားလေးကို ကြည့်ပါ။ နောက်ပိုင်းနှစ်တွေလည်း ပြန်တွက်လို့ ရတာပေါ့။ 

A'Kyin Table
ဒီဇယားအရ အကြွင်းသိပြီဆိုရင် ကိုယ့်ရဲ့ မဟာဘုတ်ခွင်ကို ချ။ အောက်မှာ အကြွင်းအလိုက် အသင့်ချပြီး မဟာဘုတ်ခွင်တွေ ရှိတယ်။ အောက်မှာပါ။
 (7) Mahabote Tabels
အထက်က ဇယားအတိုင်း ရလာတဲ့ Data တွေကို ထည့်သွင်းရမှာ ဖြစ်တယ်။ တစ်ခုသတိထားရမှာက “သက္ခတ်” မှာ ရာဟု သက္ခတ်ဆိုရင် မဟာဘုတ်ခွင်ထဲမှာ (၄)ဂဏန်းယူရမှာဖြစ်တယ်။
ကဲ – ဘာလိုသေးလဲ ။ တစ်ခုရှိသေးတယ်။ ကိုယ် ဘယ်သက္ခတ်ထဲမှာ ရောက်နေတယ်ဆိုတောရော သိလား။ မသိရင် အောက်က ဇယားမှာ ကြည့်။ ကိုယ် လက်ရှိရောက်နေတဲ့ “အသက်” နဲ့ ကိုယ့် “မွေးနံ” ဆုံတဲ့ အကွက်ဟာ ကိုယ်လက်ရှိရောက်နေတဲ့ “သက္ခတ်” ဘဲ။ ဥပမာ – အသက် (၃၅)နှစ်ထဲ ရောက်နေတဲ့ “သောကြာ” သားသမီးဆိုပါစို့။ အပေါ်ဖက်က ဂဏန်းတွေထဲက (၃၅) ဆိုတဲ့ ဂဏန်းကို လိုက်ရှာ . .  တွေ့ရင် အောက်ဖက်ကို တဲ့တဲ့ ဆွဲချလာလိုက် . . . သောကြာ နဲ့ ဆုံတဲ့အကွက်တစ်ခုတွေ့လိမ့်မယ်။ အဲဒီမှာ (၂င်္လာ) လို့ ရေးထားလိမ့်မယ်။ ဒါကြောင့် သောကြာသားဟာ အသက်(၃၅)နှစ်မှာ တနင်္လာ သက္ခတ်ထဲရောက်နေတယ်ပေါ့။ 
ဇယားမှာ အတိုကောက် စာလုံးတွေ သုံးထားတယ်။ ၁နွေ= တနင်္ဂနွေ ၊ ၂င်္လာ = တနင်္လာ ၊ ၃င်္ဂါ = အင်္ဂါ ၊ ၄ဟူး = ဗုဒ္ဓဟူး ၊ ၅တေး = ကြာသပတေး ၊ ၆ကြာ = သောကြာ ၊ ၀နေ = စနေ ဖြစ်တယ်။
ဒါမှ မဟုတ် ပိုပြီး ရှင်းတဲ့ ဇယားကို လိုချင်ရင် Mediafire မှာ သွားပြီး Download လုပ်လိုက်ပါ။ လင့်ခ်က http://www.mediafire.com/?mmnjhjwjdem
Thet Khet Table(New)

ကဲ ဒါဆို တွက်ဖို့ လုံလောက်ပြီ ထင်ပါတယ်။ ကိုယ့်မွေးနေ့ရဲ့ ကျရောက်တဲ့ နှစ်ရဲ့ အကြွင်းလည်းသိပြီ ၊ အကြွင်းရဲ့ မဟာဘုတ်လည်း သိပြီ ၊ ကိုယ့်ရောက်ဆဲအသက်ရဲ့ “သက္ခတ်” ကိုလည်း သိပြီဆိုရင် ဘာလိုသေးလဲ။ တစ်ခု သတိထားရမှာက “သက္ခတ်” ယူရမှာ မွေးနေ့ကျော်လွန်ပြီး နောက်ရောက်လာမယ့် နှစ် (အသက်) ရဲ့ သက္ခတ်ကို ယူရမယ်နော်။ အသက် (၂၅)နှစ်ပြည့် မွေးနေ့မှာ တွက်ရင် သက္ခတ်က အသက် (၂၆)နှစ်အတွက် သက္ခတ်ကို ယူရမယ်။ ဒါသတိထား။
ကိုယ့်ပြီးခဲ့တဲ့ မွေးနေ့ ၊ လာမယ့် မွေးနေ့လေးတွေ တွက်ကြည့်ပေါ့။ အလွယ်ဆုံး နည်းဘဲ ။ ကိုယ့်ဟာကိုယ် တွက်ကြည့်ပြီး မရှင်းတာရှိရင်မေး။ ကျွန်တော်လည်း နားဦးမည်။ ပင်ပန်းသွားပြီ။

(၇)ရက်သားသမီးများ  ပျော်ရွှင်ကံကောင်းကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

No comments:

Post a Comment