Showing posts with label သင်္ချာဗေဒ. Show all posts
Showing posts with label သင်္ချာဗေဒ. Show all posts

Saturday, November 2, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers - 4 , 2 , 7 , 0


Sunday, September 1, 2013

စက်တင်ဘာလအတွက် (၇)ရက် သားသမီးဗေဒင်



တနင်္ဂနွေ သားသမီးများ

 

အခက်အခဲ အကြပ်အတည်းများမည်။ ပြီးစီးရမည့် အလုပ်အကိုင် များ မပြီးပြတ်ဘဲ တို့လို့တန်းလန်း ဖြစ်နေမည်။ သို့သော် အပေးအယူ အလွှဲအပြောင်း ကိစ္စများ အောင်မြင်မည်။ အိုးအိမ်  အဆောက်အဦး နှင့် ပတ်သက်ပြီး ဒုက္ခများမည်။ ပြဿနာပေါ်မည်။ ဦးခေါင်း မျက်စေ့ ဥပဒ်ပေးတတ်သည်။ ခေါင်းမကြာခဏ ကိုက်ခြင်း(သို့) မူးခြင်း ဖြစ်တတ်သည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ စာပေလုပ်ငန်း ၊ သတင်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ၊ ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုး လုပ်ကိုင်သူများ အလုပ်အကိုင်တိုးတက်မည်။ 
ပညာရေး ကံကောင်းနေမည်။ သားသမီး ရှိသူများ သားသမီးများအတွက် ဂုဏ်ယူစရာ ကိစ္စရပ်များ ပေါ်ပေါက်မည်။ ဆရာသမားအကြီးအကဲ၏ အကူအညီ မ,စမှုကို ရရှိနိုင်မည့် ကာလဖြစ်သည်။ ငွေ အထွက်များနေမည်။ ငွေနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ ကိစ္စများ ကြုံတတ်သည်။ ကျန်းမာရေး အတော်အတန် ဂရုစိုက်ရမည့် ကာလဖြစ်သည်။ အာရုံကြော နှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ တိုးနိုင်သော ကာလဖြစ်တတ်သည်။ ကံဇာတာ အညံ့များသော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာပြုလိုပါက - မွေးနေ့တွင် အုန်းထမင်းချက်ပြီး ဘုရားတွင် ကပ်လှူလိုက်ပါ။ ညနေဖက်တွင် ကြံရည် ကပ်လှူပေးပါ။ ကြံရည်မရှိလျှင် သကြားလုံး ကပ်လှူပေးပါ။

Thursday, August 15, 2013

မွေးနေ့ဗေဒင် တွက်ကြမယ် (၃)


“မွေးနေ့ဗေဒင်တွက်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးတွေကို ရေးလာတာ အပိုင်း (၁) နဲ့ (၂) နဲ့ တော့ ပြီးသွားပါပြီ။ နားလည်သူများပေမယ့် နားမလည်တဲ့ သူတွေလည်း ရှိပါတယ်။ မှန်ကန်မှုအပိုင်းကတော့ ခပ်သင့်သင့်ပေါ့နော်။ (၇၀)%လောက်တော့ မှန်ကြမှာပါ။ ဒီထက် မှန်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် ဒီလောက်လွယ်တဲ့နည်းတွေ တောင်မှ မှန်အောင်မတွက်နိုင်တော့ ခက်တဲ့နည်းတွေ တင်ပေးဖို့ စိတ်မကူးတော့ပါဘူး။

ပြီးခဲ့တဲ့ တွက်နည်း (၂)ခုစလုံးက “မဟာဘုတ်” တွက်နည်းတွေချည်းပါဘဲ။ ဒါကြောင့် မယဉ်ပါးသူတို့အတွက် ခက်ကောင်းခက်မယ်ပေါ့။

အခုတင်မယ့် နည်းလေးက မြန်မာနည်းမဟုတ်ဘဲ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး လွယ်သမှလည်း သိပ်လွယ်ပါတယ်။ ပထမဆင့် နဲ့ ဒုတိယဆင့် (၂)ဆင့်ရှိပြီး ပထမဆင့်ကို ရှေးဦးဖော်ပြပါ့မယ်။ အပေါင်းအနုတ် တတ်ရင် တွက်လို့ရပြီ။ မူလတန်းကလေးတောင်မှ တွက်တတ်မယ့် နည်းဖြစ်တယ်။ ကြည့်ကြရအောင်လား။

Monday, July 1, 2013

ဇူလိုင်လအတွက် (၇)ရက် သားသမီးဗေဒင်

8_ Circle & Face_01 (456 x 458)
.
ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။
.
# တနင်္ဂနွေ သားသမီးများ
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။
ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။

Tuesday, January 1, 2013

2013 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ

မိတ်ဆွေများခင်ဗျား
လေးစားစွာဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိဘလော့ဂ်ရှိ ဆောင်းပါးများကို ကူးယူအသုံးပြုမည်ဆိုလျှင် စိတ်ကြိုက် ကူးယူ အသုံးပြုနိုင်ပါသည်။ ကြိုတင် ခွင့်မတောင်းလျှင်လည်း ရပါသည်။
သို့သော် “လူ့ကျင့်ဝတ်” ကို လေးစားသောအားဖြင့်၎င်း ၊ မိမိကိုယ်ကိုယ် လေးစားသောအားဖြင့်၎င်း ၊ ဆောင်းပါးရေးသူအမည် “ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)” နှင့် မူရင်းလင့်ခ် http://compubaydathukhuma.com/ ကို ထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
ယခုအခါ ဘလော့ဆိုဒ် အချို့၌၎င်း ၊ Facebook Page အချို့၌၎င်း ၊ မိမိ၏ “ကွန်ပျူဗေဒသုခုမ” မှ ဆောင်းပါးများကို ခွင့်တောင်းမှု မပြုသည့် အပြင် “ကိုယ်တိုင်ရေးသားထားသကဲ့သို့” ပြုလုပ်နေခြင်းများကို မိမိကိုယ်တိုင်လည်း တွေ့ရပါသည် ၊ မိတ်ဆွေများကလည်း အကြောင်းကြားခြင်းဖြင့် သိရပါသည်။
မိမိကိုယ်ကို နိုင်ငံကြီးသား ပီသပြီး အမျိုးကောင်း သားသမီးများ ဖြစ်သည်ဟု ယူဆပါလျှင် ထိုကဲ့သို့ လူအထင်သေးခံရမည့် အလုပ်မျိုးကို မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။
---------------------------------------------------------------------------------------------------
မိဿ ရာသီဖွားများ
Aries-2 (178 x 237)

Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။

Friday, September 25, 2009

ဆရာတော်နှစ်ပါး၏ ကံကြမ္မာ ၀ဋ်ကြွေး

.
ဒီနှစ် (2009)ခုနှစ် ဇွန်လပိုင်း (4) ရက်နေ့တုန်းက မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့အနီးမှာရှိတဲ့ “ဗောဓိတစ်ထောင်” ဘုရားမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီးရဲ့ ဓာတ်လှေကား မတော်တဆမှုကြောင့် မြန်မာနိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားလှတဲ့ ဆရာတော်(၂)ပါး ထိခိုက် ဒဏ်ရာ ရခဲ့ကြတာကို အများပြည်သူတွေ ကြားသိလိုက်ကြမှာပါ။ 

အဲဒီ ဆရာတော် (၂)ပါး ကတော့ “ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက” နဲ့ “အရှင်ရာဇိန္ဒ (ခ) ရဝေနွယ်(အင်းမ) တို့ဘဲဖြစ်ကြပါတယ်။ ဒီသတင်းကို ကြားလိုက်ရချိန်မှာ စာရေးသူရဲ့ စိတ်ထဲမှာ အလွန်စိုးရိမ်ခဲ့ရပြီး အလွန်လဲ စိတ်မကောင်းခြင်းဖြစ်ရပါတယ်။ ကျွန်တော်ဟာ ဆရာတော်(၂)ပါး လုံးရဲ့ စာဖတ် ပရိတ်သတ် တစ်ဦးဖြစ်ပြီး ဆရာတော် (၂)ပါးလုံးကို ပရိယတ်၊ ပဋိပတ် အကျင့်စရဏ တွေကြောင့်ရော၊ စာပေ အရေးအသား ထူးချွန် ပြောင်မြောက် လှမှုတွေကြောင့်ရော အလွန်ကြည်ညိုသူ ဥပသကာ တစ်ဦး ဖြစ်ပါတယ်။ 

Sunday, June 28, 2009

(9) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

mars god

ကိုသိန်းဖေ။ ။ “ကြာပြီ ဆိုတော့ မေ့လောက်ပါပြီ၊ စိတ်မှာ ထင်ခဲ့တယ် . . . . အချစ်ဦးမို့ ယနေ့ထက် ထိအောင် ကိုယ်မမေ့ နိုင်သေးတယ် . . . ”

ကျွန်ုပ်။ ။ ဘယ်လို ဖြစ်တာလည်း ကိုသိန်းဖေ  ရ။  စိုင်းထီးဆိုင် သီချင်းလေး တအေးအေး နဲ့ပါလား။ ဘာတွေများ ဖီလင်တက်လာ ပြန်ပြီလဲ။

ကိုသိန်းဖေ။ ။  ဒီ အသက်အရွယ်ရောက်မှ ဘာဖီလင်မှ တက်စရာ မရှိပါဘူးဗျာ။ ဆရာကလည်း မရိပ်မိဘဲ ကိုး။ ဆရာ့ကို“စောင်းပြီး” ဆိုနေတာလေ။

ကျွန်ုပ်။ ။ အလို။ ဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ကျွန်တော် နဲ့ ဒီသီချင်းနဲ့ ဘာဆိုင်လို့လဲ ဗျ။

ကိုသိန်းဖေ။ ။ ဆိုင်ပါသကောဗျာ။ ဆရာ့ဟာ တော်ကြာ တရားရိပ်သာဝင်ရတာ နဲ့ တော်ကြာ ဘလော့ဂ် အပိတ် ခံရတာနဲ့။ ဆရာ့ စာတွေကို စောင့်ဖတ်တဲ့ သူတွေ မေးခွန်းတွေ မေးထားတဲ့သူတွေ စိတ်ထဲမှာ ဆရာတော့ ငါတို့ကို မေ့နေလောက်ပါပြီ လို့ ထင်စရာ ဖြစ်ကုန်ကြပြီ ဆရာရေ။ ဒါကြောင့် ဒီ သီချင်းကို စောင်းပြီး ဆိုတာ ဆရာ ရေ့။

Saturday, June 27, 2009

(8) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

eight-changes-the-trigrams-and-yin-and-yang 
ယနေ့သည် ကျွန်ုပ်နှင့် ကိုသိန်းဖေ တွေ့ဆုံနေကြနေ့ဖြစ်ပြီး ယနေ့ဆွေးနွေးမည့် အကြောင်း အရာ မှာ (8)ဂဏန်း သမားများ အကြောင်း ဖြစ်လေသည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ပို့စ်တွေ တင်တာ ကြဲသွားပါလား။

ကျွန်ုပ်။ ။ အေးဗျာ။ မေးခွန်းတွေကို ဟိုထဲဝင်မေး၊ ဒီထဲဝင်မေး ဖြစ်နေလို့ တစ်စုတစ်စည်းထဲ ဖြစ်အောင်ဆိုပြီး အမေး/အဖြေ ကဏ္ဍကို လုပ်လိုက်တာ ၀င်လာတဲ့ လူကို မနည်းဘူးဗျ။ ကျွန်တော် တစ်နေ့ကို ဖြေနိုင်တာက (၁၀)ယောက် လောက် ၊ ၀င်လာတာက အယောက် (၃၀)လောက် ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိပါဘူးဗျာ။ တစ်ဖက်ကလည်း ကိုယ့်ဝမ်းရေးအတွက် အလုပ်လုပ် ရသေးတယ် လေ။ ပို့စ်တွေလည်း မှန်မှန် မတင်နိုင်တော့ဘူး။ ဒီကြားထဲမှာ MRTV-4 မှာ ကျွန်တော့် ဘလော့ဂ်အကြောင်း ပါလာတယ် ပြောတာဘဲဗျ။ အဲဒါကြောင့်လား မသိဘူး။ ကျ , လိုက်တဲ့ လူတွေဗျာ။ စိတ်တောင် ညစ်စ, ပြုလာပြီ။ ဗေဒင် မဟောချင် ပါဘူးဆိုမှ မေးလိုက် ကြတာဗျာ။
.
ကိုသိန်းဖေ။ ။ အဲဒါကြောင့် “ကိုယ့်အတတ်၊ ကိုယ်စူး” ဆိုတဲ့ စကားပုံ ပေါ်လာတာပေါ့ဗျာ။ ကဲ- ဆရာ ရေ။ စိတ်ညစ်တာ နောက်မှ ညစ်။ ကျွန်တော်တို့ ပုံမှန် တင်ဆက်မှုလေး စ,လိုက်ကြရအောင်။

Friday, June 26, 2009

(7) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

.
ကျွန်ုပ်သည် ဘလော့ဂ်နှင့် ကင်းကွာနေသည်မှာ အတော်ကြာခဲ့လေပြီ။ ပို့စ် အသစ်များကိုလည်း မတင်နိုင် သည်မှာ ကြာလှပြီဖြစ်၍ ကျွန်ုပ် ဘလော့အား ပုံမှန် ၀င်ရောက် ဖတ်ရှုကြသူများကိုလည်း အားနာလှပါချေပြီ။ ကျွန်ုပ် ခရီးထွက်ရာမှ ပြန်ရောက်သည်ကြားသည်နှင့် ကိုသိန်းဖေလည်း အလျှင်အမြန် ရောက်ချ လာလေတော့ သည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ရိပ်သာ တစ်လလောက်ဝင်မယ်ဆိုပြီး အခု (၁၀)ရက်နဲ့ ပြန်ရောက်လာ သလား။ အိမ်လွမ်းတယ် ထင်ပါ့ဗျာ။

ကျွန်ုပ်။ ။ အေးဗျာ။ ပြောတော့ ကိုသိန်းဖေ ရေ။ ဖြစ်ပုံတော့ မပြောချင်ပါဘူး။ တရားအားထုတ်နေရင်း ကျန်းမာရေး ချို့ယွင်းလာလို့ (၁၀)ရက်နဲ့ဘဲ စခန်း သိမ်းခဲ့ ရတယ်ဗျာ။

ကိုသိန်းဖေ။ ။ သြော်- ဟုတ်လား။ သိပါဘူးဗျာ။ ကျွန်တော်က အိမ်လွမ်းလို့များ ချက်ခြင်း ပြန်လာသလားလို့။

ကျွန်ုပ်။ ။ အိမ် သံယောဇဉ်က ဒီလောက်မဟုတ်ပါဘူးဗျာ။ တကယ်တော့ အလုပ် သံယောဇဉ်က ပိုများတယ်။ ပြီးတော့ အခုလုပ်ထားတဲ့ ဘလော့ရဲ့ သံယောဇဉ် ကလည်း မနည်းပေဘူးဗျ။ ဒီသံယောဇဉ် တွေကို မဖြတ်နိုင်သရွေ့တော့ သံသရာက ရှည်ဦးတော့မှာဘဲပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါပြီဗျာ။ ကဲ-ဆရာ ရေ။ ကျွန်တော်တို့ တနင်္ဂနွေ စကားဝိုင်းလေးကိုလည်း မျှော်တဲ့သူတွေ မျှော်နေကြလောက်ပြီ။ စ, လိုက်ကြအောင်လားဗျာ။ ဒီတစ်ပတ်ကတော့ (7)ဂဏန်းသမားတွေရဲ့ အလှည့်မဟုတ်လားဗျာ။

ကျွန်ုပ်။ ။ ဟုတ်ပါတယ်ဗျာ။ (7)ဂဏန်းရဲ့ ထူးခြားဆန်းကြယ်မှုလေးတွေနဲ့ စ,လိုက်ကြရအောင်လားဗျာ။

Thursday, June 25, 2009

(6) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

 
အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။ ဒီတစ်ပတ်အတွက်တော့ (6)ဂဏန်းသမားများ အကြောင်းကို  စ , လိုက်ကြရ အောင်လားဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ ကျွန်တော်လည်း ဆရာက ခရီးသွားမယ်ဆိုတော့ တော်တော် ကသိကအောက် ဖြစ်သွားတယ်ဗျာ။ အခု ဆရာဖုန်းဆက်ခေါ်လို့ ကျွန်တော် ပြေးလာ ခဲ့ရတာ။ ကျွန်တော်ကလည်း (6)ဂဏန်းသမားဆိုတော့ ကျန်တဲ့ဂဏန်း တွေထက် ပိုသိချင်နေတာလေ။

ကျွန်ုပ်။ ။ အေးဗျာ။ ကျွန်တော့်မှာလည်း တစ်ဖက်မှာ အသက်မွေးဝမ်းကျောင်းအတွက် အချိန်ပေးရ၊ ဒီကြားထဲမှာ “ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်” ဆိုတာလို အချိန်မရွေးကျရောက်လာနိုင်တဲ့ “သေခြင်းတရား” ကို နှလုံးသွင်းပြီး နေ့စဉ်အားထုတ်နေတဲ့ ၀ိပဿနာ အလုပ်ကလည်းရှိနေတော့ ဒီဘလော့လေး ရှင်သန်နေဖို့ တော်တော် အချိန်လုပြီး လုပ်နေရတယ်ဗျာ။ ကျွန်တော်မကွယ်လွန်မှီ အတွင်း ကိုယ်သိသမျှ တတ်သမျှ လေးတွေကို ချန်ထား ခဲ့ချင်လို့ပါ။

Wednesday, June 24, 2009

(5) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Hermes
.
ယခုတပါတ်တနင်္ဂနွေသည့် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျ လာသောနေ့ ဖြစ်သောကြောင့် ယနေ့တွင် (5)ဂဏန်းသမားများအကြောင်း ဆွေးနွေးကြရန် ကျွန်ုပ်နှင့် ကိုသိန်းဖေ တို့ စကားဆိုခဲ့ကြပြီး ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ စကားဝိုင်းကို အစပြုလိုက် ရပေတော့သည်။

ကျွန်ုပ်။ ။ ကဲ- ကိုသိန်းဖေရေ။ ဒီနေ့တော့ (5)ဂဏန်းသမားတွေအကြောင်း ဆွေးနွေးကြမယ်မဟုတ်လားဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ (5)ဂဏန်းနဲ့ပတ်သတ်ပြီး ဆရာ့အမြင်၊ အတွေ့အကြုံလေးတွေကို ပြောပြပါဦးဗျာ။

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ (5)ဂဏန်းဟာ သင်္ချာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတဲ့ဂဏန်းဗျ။ ဗုဒ္ဓဟူးဂြိုဟ်ကို အင်္ဂလိပ်လို Mercury လို့ခေါ်တယ်။ ဂရိ ဒဏ္ဍာရီတွေမှာတော့ “ဟားမီးစ်” လို့ခေါ်တဲ့ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော် နတ်သားဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမှတ်အသားပေါ့ဗျာ။ နောက်တစ်ခု က ပြဒါးကိုလည်း မာကျူရီလို့ဘဲခေါ်တယ်။ ပြဒါးဆိုတာ အဂ္ဂိရတ်သမား တွေအတွက်တော့ အင်မတန် အရေးကြီးတဲ့ ဒြပ်စင်တစ်မျိုးပေါ့ဗျာ။ ကြားဘူးမှာပေါ့ဗျာ။ ” သံ,သေ၊ တစ်ဆွေဝ၊ ပြဒါးသေ တစ်ပြည်ဝ” တဲ့။

Tuesday, June 23, 2009

(4) ဂဏန်းသမားများအကြောင်း တစေ့တစောင်း


အမေရိကန်နိုင်ငံ , အိုဘားမားနဲ့ (4)ဂဏန်း အကြောင်းကို ရေးပြီးတော့ (4)ဂဏန်း အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက် တယ်ဗျာ။ ဗဟုသုတပေါ့။

(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။

လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။

Monday, June 22, 2009

(3) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

jupiter
.
ယနေ့သည် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျရောက်လာပြန်ပေပြီ။ ယနေ့အတွက် အများ တောင်းဆိုချက်အရ၄င်း၊ နံပါတ်စဉ်အတိုင်းလည်း ဖြစ်သွား စေရန် (3) ဂဏန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးကြမည် ဖြစ်ပေသည်။

ကျွန်ုပ်။ ။ ကိုသိန်းဖေရေ။ ဒီနေ့တော့ (3)ဂဏန်းအကြောင်း တစေ့တစောင်းလေး ဆွေးနွေးကြရ အောင်လားဗျာ။

ကိုသိန်းဖေ။ ။ ကောင်းပါလေ့ဗျာ။ ဂဏန်းဗေဒင်ဟာ ဆရာ့ဘလော့ထဲမှာ လူ စိတ်ဝင်စားဆုံး ဘာသာရပ်တစ်ခု ဖြစ်နေတာ ကျွန်တော် သတိထားမိတယ်။

ကျွန်ုပ်။ ။ သူက ဖတ်ဖို့နားလည်ဖို့လွယ်တယ်လေ။ မြန်မာ့ဗေဒင်ကတော့ မဟာဘုတ်တို့ ဘာအကြွင်းဖွားတို့၊ ရာဇဖွားသိုက်ဖွားတို့နဲ့ ရှုတ်နေတော့ လူတွေက သိပ်နားမည်ကြဘူး ဖြစ်နေတာလည်း ပါမှာပေါ့။

Sunday, June 21, 2009

(2) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

.
ယနေ့သည် ကျွန်ုပ်တို့၏ ဗေဒင်စကားဝိုင်း အလှည့်ကျလာသော နေ့ပင် ဖြစ်လေသည်။ ယနေ့အတွက် ရေးလက်စ ဖြစ်သော နျူမရိုလိုဂျီဂဏန်းများ အကြောင်း တစေ့တစောင်းကိုပင် ဆက်လက်တင်ဆွေးနွေးရန် စိတ်ကူးမိ လေသည်။ ထိုစဉ်မှာပင် ကိုသိန်းဖေလည်း ပေါက်ချ လာလေသည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ။ ဒီနေ့လည်း ဂဏန်းဗေဒင်အကြောင်းကိုဘဲ ဆက်ဆွေးနွေးကြရ အောင်လား။

ကိုသိန်းဖေ။ ။ ဟုတ်တယ်ဗျို့။ ကျွန်တော်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုက်ကယ်ဂျက်ဆင် ရုတ်ရက် ကွယ်လွန်သွားတော့ (၂)ဂဏန်းသမားဖြစ်တဲ့ သူ့အကြောင်းကို စဉ်းစားမိရင်း နောက်နေ့မှာတော့ ဆရာနဲ့ (၂)ဂဏန်း အကြောင်း ဆွေးနွေးကြရင် ကောင်းမယ်ထင်တယ်လို့ စဉ်းစားမိသားဗျ။

Saturday, June 20, 2009

(1) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

sun god

ယနေ့သည် ကိုသိန်းဖေ အလည်လာမည့်နေ့ဖြစ်လေသည်။ သို့သော် ကျွန်ုပ်စဉ်းစားမိသည်မှာ ယခု အပတ်စဉ် စနေ၊တနင်္ဂနွေ တင်ဆက် နေသော မဟာကာလကြီးသည် လူတိုင်းနှင့် လက်လှမ်းမမှီ။ ပညာ လိုက်စား နေဆဲသူများသာ နားလည် နိုင်မည်ဖြစ်သောကြောင့် ၄င်းကို နောက်မှ “သင်္ခန်းစာ” အနေဖြင့် တင်ဆက်သွားလျှင် ကောင်းမည်ဟု တွေးမိလေသည်။ ထိုစဉ်မှာပင် ကိုသိန်းဖေ ရောက်ရှိလာလေ သည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ။ ဒီနေ့တော့ အချိန်မှန်ဘဲနော်။

သိန်း။ ။ ဟုတ်တယ်ဗျို့။ ဒီနေ့တော့ အိမ်က စောစော ထွက်လာခဲ့တယ်ဗျာ။ နောက်ကျမှာစိုးလို့။

ကျွန်ုပ်။ ။ ကိုသိန်းဖေရေ။ ကျွန်တော် ဒီလိုစဉ်းစားမိတယ်ဗျာ။ မဟာကာလကြီးဟာ စိတ်ဝင်စားစရာကောင်းပေမယ့် တစ်ချို့သူတွေ အတွက် သိပ်အလှမ်းဝေးနေတယ်။ ကျွန်တော့် ဘလော့မှာက သာမန် လူတွေ နားလည်လွယ်မယ့် အကြောင်းတွေကိုဘဲ တင်ဆက်သွားမယ် လို့ အဖွင့်စာမျက်နှာမှာ ရေးခဲ့ဘူးတယ်ဗျ။ ဒီတော့ ပညာကို လိုက်စားနေတဲ့ သူတွေလည်း ဆက်လေ့လာ နိုင်အောင် “အင်္ဂဝိဇ္ဇာနဲ့ မဟာကာလကြီး” ကို သင်္ခန်းစာပို့ချချက် တွေအနေနဲ့ဘဲ ဆက်ရေးသွားမယ်။ အခု ကျွန်တော် ဆိုဒ်ကို ပြန်ပြင်ရေးနေတယ်။ အဲဒီမှာ ဒီဇိုင်းပြောင်းထားပြီး “ဗေဒင် သင်္ခန်းစာအခန်း” ကို ထည့်ထားတယ်။ အဲဒီမှာကျမှ “အင်္ဂဝိဇ္ဇာနဲ့ မဟာကာလကြီး”ကို ဆက်ကြရအောင်လားဗျာ။ အခုတော့ ပရိတ်သတ်တွေ သိပ်စိတ်ဝင်စားနေတဲ့ “သင်္ချာဗေဒ” အကြောင်းကို ဆွေးနွေးကြအောင်လားဗျာ။

Saturday, June 6, 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နှင့် (4) ဂဏန်း


မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတွေ အတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မွေးနေ့ နှစ်တရာပြည့်တဲ့ ယခု (၂ဝဝ၉) ခုနှစ်မှာ ဦးသန့်နဲ့ (၄)ဂဏန်း အကျိုးပေးပုံများကို (နိုင်ငံရေး လုံးဝမပါတဲ့) ဗေဒင်ပညာ ရှုထောင့်က တင်ပြလိုက်ရပါတယ်။
ကျွန်တော်တင်တဲ့ ပို့စ်တွေထဲမှာ“(၄)ဂဏန်းသမားများအကြောင်း တစ်စေ့တစ်စောင်း” ဆောင်းပါးကို လူဖတ်အလွန်များတာကိုတွေ့ရတော့ (၄)ဂဏန်းသမားတစ်ဦးဖြစ်တဲ့ ဦးသန့်ရဲ့ အကြောင်းမှာ စိတ်ဝင်စားစရာတွေ ရှိလို့ တင်ဆက်လိုက်ရပါတယ်။

ဦးသန့်ကို ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်၊ သောကြာနေ့နေ့မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာမွေးဖွားခဲ့ပါတယ်။ မြန်မာသက္ကရာဇ်အရဆိုရင် (၁၂၇ဝ) နှစ်ဆိုတော့ မဟာဘုတ်အရ (၃)ကြွင်းနှစ်မှာ မွေးဖွားတော့ ဦးသန့်ဟာ သောကြာသား(မရဏ)ဖွား ဖြစ်ပါတယ်။
မြန်မာကျေးလက်ဓလေ့အတိုင်း နာမည်ကို ရွာကျောင်းဆရာတော်ကြီးများ ဆီမှာ အပ်နှံ နာမည်ပေးလေ့ရှိတဲ့အတွက် မိဘဖြစ်သူတွေဟာ ဆရာတော်ဆီမှာ နာမည်မှည့်စေပါတယ်။ 

ဆရာတော်ဟာ ဦးသန့်ကလေးရဲ့ အလွန်သန့်ပြန့်လှတဲ့ ရုပ်ရည်ကို ကြောင့်တစ်ကြောင်း၊ ဇာတာကလည်း အလွန်ကောင်းလှတာကြောင့်တစ်ကြောင်း၊ သောကြာသားလည်းဖြစ်ပြန်တော့ “မောင်သန့်” လို့ အမည်မှည့်ခေါ်စေပါတယ်။

Thursday, November 6, 2008

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့ မြန်မာ့ရိုးရာလက်ဆန်း ဗေဒင်ပညာရပ်၊ နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်းထား သလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်သွားခဲ့ပါပြီ။

 



ရွေးကောက်ပွဲ မတိုင်မှီကတည်းက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကို တွက်ချက်ကြည့်ရင်းနဲ့ နိုင်ချေရှိတဲ့ အိုဘားရဲ့ မွေးဂဏန်းကို သင်္ချာဗေဒ (Numerology) ပညာနဲ့ လေ့လာကြည့်တဲ့အခါမှာ ထူးခြားချက်တွေ တွေ့လာရပါတယ်။

အမေရိကန်နိုင်ငံဟာ (၄) ဂဏန်း စိုးမိုးတဲ့ နိုင်ငံတစ်ခုလို့ပြောရင် မမှားပါဘူး။ လွတ်လပ်ရေးနေ့ဟာ ဂျူလိုင်လ (၄) ရက်ဖြစ်သလို၊ ဂျူလိုင်လ (၄) ရက်နေ့ဟာ ကရကဋ်ရာသီခွင်ဖြစ်လို့ မိဿရာသီကနေ စပြီးရေရင် (၄) ခုမြောက်ရာသီဖြစ်နေပြန်ပါတယ်။ တစ်ခါ အမေရိကန် လွတ်လပ်ရေးကြေငြာလိုက်တဲ့ ၁၇၇၆ ခုနှစ်ဟာလည်း ရာစုဂဏန်းဖြစ်တဲ့ ၁၇ ကို ဖယ်ထားပြီး ဆယ်စုနှစ်ဂဏန်းကို ပေါင်းလိုက်ရင် (၇+၆)=၁၃=၁+၃= (၄)ဂဏန်းဘဲ ရပါတယ်။