Showing posts with label စုံစီနဖာ ဗေဒင်ပညာ. Show all posts
Showing posts with label စုံစီနဖာ ဗေဒင်ပညာ. Show all posts

Saturday, August 10, 2013

ဖုန်းရွှေပညာ (၁)


ဖုန်းရွှေ ပညာ (၁)
-------------------

“ဖုန်းရွှေ” ပညာ ဆိုတာ တရုတ်လူမျိုးတို့၏ ရိုးရာ အမွေအနှစ် “ဂမ္ဘီရ” ပညာတစ်ခုဖြစ်ပါတယ်။ တရုတ်အသံထွက် အမှန် (အနီးစပ်) ဆုံးကတော့ “ဖန်းရှုရီ” (Feng shui) လို့ ထွက်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာကို ပထမဆုံး မိတ်ဆက်ပေးသူလို့ ဆိုနိုင်လောက်တဲ့ “ဆရာဟိန်းလတ်” က သူရဲ့ ပထမဆုံး (Feng shui) စာအုပ်ကို “ဖုန်းရွှေ” လို့ နာမည်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီပညာဟာ “ဖုန်းရွှေ” လို့ “နာမည်ပေါက်” သွားပါတော့တယ်။

“ဖုန်းရွှေ” ဆိုတာ ဘာလဲ? ။ ဘယ်လို ဂမ္ဘီရ ပညာလဲ? ။ ဟုတ်ကဲ့ – မှန်တဲ့အတိုင်း ပြောရင် ကျွန်တော်လည်း သိပ်ကြီးတော့ မသိပါ။ ဒီပညာက ကျွန်တော် ကျွမ်းကျင်တဲ့ ပညာတစ်ခု မဟုတ်ပါ။

ဒီပညာနဲ့ ပတ်သက်ရင် “ဆရာဟိန်းလတ်” နဲ့ “ဆရာသက်လုံ” တို့ရဲ့ စာအုပ်တွေလောက်သာ ဖတ်ဘူးပြီး ဒီပညာအကြောင်း နှိုက်နှိုက် ချွတ်ချွတ် မလေ့လာဘူးပါ။ (စာအုပ်ဖတ်ဖူးရုံနဲ့ ပညာရပ်တစ်ခုဟာ တတ်မြောက်မသွားပါ။ လက်တွေ့နဲ့ ယှဉ်ပြီးတော့ လည်း သုတေသန ပြုဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့“စာသိ” လောက်ဘဲ ရှိပါတယ်)


Saturday, April 13, 2013

အရောင် (၉)ရောင် နှင့် စိတ်နေသဘောထား

colorwheel

အရောင်တွေမှာ မူလအခြေခံအရောင် (၃)ရောင် ရှိပါတယ်။ အဲဒါတွေက “အနီရောင် ၊ အ၀ါရောင် နဲ့ အပြာရောင်” တို့ဖြစ်ပါတယ်။ အဲဒီ (၃)ရောင်ကို ခရမ်း ၊ အညို ၊  အစိမ်း ၊  အနက် နဲ့ မီးခိုးရောင်တွေ ရအောင် ရောစပ်လိုက်တယ် ဆိုပါစို့။ အဲဒီတော့ အရောင်(၈)ရောင် ရပါတယ်။
ဒီအထဲမှာ မပါလို့ မရတဲ့ အရောင်ကတော့ “အဖြူရောင်” ပါဘဲ။ အမှန်ကတော့ “အဖြူရောင်” ဟာ (အရောင်မဲ့)ပါ။ Non Colour ဖြစ်ပေမယ့် သူ့မှာလည်း “အင်အား” ရှိတော့ မဖော်ပြလို့မရပါဘူး။
အဲဒီတော့ အထက်က အရောင် (၉)ရောင် တွေထဲမှာ သင်အကြိုက်ဆုံး နဲ့ မကြိုက်ဆုံး အရောင်ကနေ သင့်စိတ်နေသဘောထားကို ဖော်ပြပါလိမ့်မယ်။

တစ်ချို့အရောင်တွေကတော့ အမြဲတမ်း ကြိုက်တာ/မကြိုက်တာ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့် ကြိုက်တာ/မကြိုက်တာလည်း ဖြစ်လာတာ ရှိတတ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန် အပြောင်းအလဲ ဖြစ်ရပ် တစ်ခုခုနဲ့ ဆိုင်လာတတ်ပါတယ်။ တိုက်ဆိုင်မှု ရှိ/မရှိ ကြည့်ကြရအောင် . . .

Sunday, January 29, 2012

နဂါးနှစ် လာပြီ

.
ဒီဆောင်းပါးလေးကတော့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နေ့ (ဇန်န၀ါရီ-၂၃)ရက်နေ့ကတည်းက ရေးထားတာပါ။ ဗဟုသုတဆိုင်ရာ ဆောင်းပါးလေးပါဘဲ။ ဒါပေမယ့် ဆောင်းပါးကို နောက်နေ့ (၂၄)ရက်မှ တင်မယ်လုပ်ထားတာ (၂၄)ရက်နေ့မှာ မမျှော်လင့်ဘဲ ကျွန်တော့် ဘလော့ဂ် ဗြုန်းကနဲ ပိတ်သွားပါတယ်။

မြန်မာပြည်က ပိတ်တာမဟုတ်ပါ။ မူလ ဘလော့တင်ထားတဲ့ BlueHost Sever က ပိတ်လိုက်တာပါ။ ကျွန်တော်တင်မက ကျွန်တော့် ဆိုဒ်ပေါ်မှာ ကိုယ်ပိုင်ဝက်ဆိုဒ်ကလေးတွေ ကျွန်တော်က (Free) နေရာပေးပြီး တင်ပေးထားတဲ့သူတွေပါ ပိတ်သွားလို့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ BlueHost Sever က သူတို့ US Federal Law နဲ့ ညိလို့ဆိုလား ဘာလားဘဲ။ တိတိကျကျမသိပါဘူး။ မြန်မာ ၊ အီရန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယား ၊ ကျူးဘား . . စတဲ့နိုင်ငံတွေက US ဆာဗာမှာ တင်ထားတဲ့သူတွေကို ပိတ်ခိုင်းတာလို့ ဆိုတာဘဲ။

Thursday, June 30, 2011

အလွယ်ဆုံး ဗေဒင်မေးနည်း


ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိလာပြီဆိုရင် ဗေဒင်ဆရာနဲ့ ပြဿနာကို အဖြေရှာချင်ကြသူများအတွက် အလွယ်ဆုံး ဗေဒင်မေးနည်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဗေဒင်မေးချင်ပြီဆိုရင်လည်း ဗေဒင်ဆရာ ရှာရတဲ့ ဒုက္ခကလည်း မသေးလှဘူးဗျ။ ကိုယ်မေးချင်တဲ့ ကိစ္စကို ဟောနိုင်တဲ့ဆရာကို ရှာရတယ်။ဟောတာ မှန်/မမှန်ကို လည်း စုံစမ်းရသေးတယ်။

နောက်ပြီး ခြောက်လုံးလှန့်လုံးတွေပေး မျှော်လင့်ချက်တွေပေးပြီး “ယတြာ” နဲ့ လုပ်စားနေတဲ့ ဆရာလိမ် ၊ ဆရာတုတွေနဲ့ တွေ့မှာလည်း ကြောက်ရသေး သဗျ။
ဟောပြောခ ကတော့ “သဒ္ဓါကြေး” လေးပါ။ ယတြာခကတော့ “သောင်းဂဏန်း ၊ သိန်းဂဏန်း” နဲ့ လုပ်စား နေကြတဲ့ ဆရာတု ၊ ဆရာလိမ်တွေကလည်း တစ်နေ့ထက် တစ်နေ့ ပေါမှ ပေါဘဲ။ 

ဒီတော့ မှန်မှန်ကန်ကန် နဲ့ အသက်မွေးနေကြတဲ့ ဗေဒင်ဆရာတွေ အတွက် ဗေဒင်ပညာနဲ့ အသက်မွေးရတာကိုက မျက်နှာပူစရာ ၊ ရှက်စရာလို ဖြစ်လာပြီ ပေါ့ဗျာ။ ဒီတော့ ပြဿနာ ရှိလာလို့ ဗေဒင်မေးချင်လာရင် ဘယ်ဗေဒင်ဆရာဆီမှ မသွားဘဲ ကိုယ့်အိမ်မှာတင် “ကိုယ်ဘဲ ဗေဒင်မေးသူ ကိုယ်ဘဲ ဗေဒင်ဆရာ” လုပ်ရရင် မကောင်းဘူးလား။

Sunday, September 27, 2009

ဘာသာရေး နှင့် ဗေဒင်ပညာ


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ သိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မြန်မာလူမျိုးအများစုဟာ “ထေရ၀ါဒ” ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် ပြုပြီး သိပ်မကြာခင်မှာဘဲ ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲကြီး (၂)ခု ကွဲထွက် သွားပါတယ်။ “ဟိနယာန” ဗုဒ္ဓဘာသာဂိုဏ်း နဲ့ “မဟာယာန” ဂိုဏ်းတို့ဘဲဖြစ်ပါတယ်။ “ဟိနယာန” ဟာ မြန်မာနိုင်ငံမှာ “ထေရ၀ါဒ” လို့ခေါ်ပါတယ်။ 

ဒီနေရာမှာ ဘာသာရေး သမိုင်းကို အဓိကထား ဆွေးနွေးမှာ မဟုတ်တဲ့အတွက် အကြမ်းဖျဉ်း ပြောရရင် “မဟာယာန” အယူဟာ “မန္တရ၊ တန္တရ၊ ဂါထာ၊ မန္တယား၊ ဗေဒင်၊ အင်းအိုင်၊ လက်ဖွဲ့” တွေနဲ့ ရောယှက်နေတဲ့ အယူဝါဒဖြစ်တယ်လို့ ယေဘူယျ သတ်မှတ် ကြပါတယ်။

Monday, January 26, 2009

အင်္ဂါဂြိုဟ် နှင့် အိမ်ထောင်ရေး

.
မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ ” အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤ သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” တဲ့။ ဆိုလိုတာက အိမ်ထောင်ပြုတာရယ်၊ ဘုရားတည်တာရယ်၊ ဆေးမှင်ကြောင် ထိုးတာရယ်၊ ဒီ (၃)ခုဟာ စ, မိပြီဆိုရင် နောက်နောင်အခါမှာ ပြန်ပြင်ဖို့ အလွန်ခက်ခဲပါတယ်တဲ့။ လက်တွေ့ မှာကော ဟုတ်ပါရဲ့လား။

ဟိုး ယခင့်ယခင် အခါတုန်းကတော့ ဟုတ်ကောင်း ဟုတ်ခဲ့ပေမယ့် ဒီနေ့ဒီခေတ် အခါမှာတော့ ဒီစကားပုံဟာ မှန်သင့် သလောက် မမှန်နိုင်တော့ပါဘူး။ ရှေးခေတ်အခါတွေကတော့ အိမ်ထောင်တစ်ခုပြုပြီးပြီ ဆိုရင် အိမ်ထောင်ရေး အဆင်ပြေသည် ဖြစ်စေမပြေသည်ဖြစ်စေ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်း သွားကြတာဘဲ များပါတယ်။ တော်ရုံတန်ရုံ အဆင် မပြေကြရုံ နဲ့တော့ ကွဲကြ ပြဲကြသည်အထိ မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေ ခေတ်ကပေါ့။

Saturday, December 27, 2008

ခင်ဗျား ဘာနေ့သားလဲ ?


“ဘာနေ့သားလေးလဲဟဲ့၊ သောကြာသားလေးလား၊ ကောင်းတယ်ဟဲ့၊ “သားဦး သောကြာ ပဒေသာ” တဲ့၊ မိဘတွေကံကောင်းတာပေါ့ဟယ်” စသည်ဖြင့် မှတ်ချက်ပြုလေ့ရှိကြပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်ရဲ့မွေးနေ့ (ရက်, လ , ခုနှစ်) ကိုသာ မေ့ချင်မေ့မယ်။ ကိုယ်ဘာနေ့ သားသမီးဆိုတာကိုတော့ သေတဲ့အထိ မှတ်မိကြပါတယ်။

“ခင်ဗျား ဘယ်နှစ်ရက်နေ့မှာ မွေးတာလဲ” လို့ကောက်ခါငင်ကာ မေးလိုက်ရင် ချက်ခြင်းပြန်ဖြေဖို့ အချိန်ယူရပေမယ့် “ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ရင်တော့ - ကျွန်တော်လား ? အင်္ဂါသားလေ (ဒါမှမဟုတ်) ဗုဒ္ဓဟူးသားဗျ လို့ ချက်ခြင်း မဆိုင်းမတွ ပြန် ဖြေကြပါလိမ့်မယ်” ။ နိုင်ငံခြားသားတစ်ဦးကို ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ပါလား။ ပြန်ဖြေနိုင်သူ အတော် ရှားပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတော်တော်များများဟာ ကိုယ့်ရဲ့ မွေးနေ့ကို (ရက် , လ , ခုနှစ်) နဲ့ မှတ်သားထားတတ်ကြပေမယ့် “နေ့” အနေနဲ့ မှတ်သားတတ်ကြတဲ့ အလေ့အထ မရှိကြလို့ပါဘဲ။ သူများတွေမှာ မရှိတဲ့ အလေ့အထ တစ်ခုကို ကျွန်တော်တို့မြန်မာတွေက ပိုင်ဆိုင်ထားကြတာဟာ ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလားဗျာ။

Saturday, November 22, 2008

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း၏


ဗုဒ္ဓဘာသာ ကျမ်းစာတွေတွေအရ (၃၁) ဘုံကို အကြမ်းအားဖြင့် - လူ့ဘုံ၊ နတ်ဘုံ၊ ဗြမ္မာ့ဘုံဆိုပြီး သုဂတိဘုံက (၃)ဘုံ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုက္ခတိဘုံက (၄)ဘုံ ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီမှာ လူသားတွေနေဖို့အတွက် မြင့်မိုရ်တောင်ဆိုတဲ့ တောင်ကြီးကို ဝန်းရံပြီး အရှေ့ကျွန်း၊ တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း ဆိုပြီး ကျွန်းကြီးလေးကျွန်း ရှိပါသတဲ့။ အဲဒီ ကျွန်းကြီးလေးကျွန်းပေါ်မှာ နေထိုင်ကြသူတွေဟာ လူ့ဘုံလောကသားတွေပေါ့။

အဲဒီမှာ ကျွန်တောင်တို့နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တဲ့ ကျွန်းကတော့ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း” လို့ ခေါ်တဲ့ မြင့်မိုရ်တောင်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်ကျွန်း လို့ဆိုပါတယ်။ ကျန်တဲ့ကျွန်းတွေမှာ ဘုရားပွင့်လေ့မရှိဘဲ လက်ယာတောင်ကျွန်းလို့ခေါ်တဲ့ တောင်ကျွန်းအရပ်သည်သာလျှင် ဘုရားရှင် အဆူဆူပွင့်တော်မူရာ မြင့်မြတ်သော ဘူမိနက်သန် နေရာတစ်ခုဖြစ်တယ်လို့ ပိဋကတ်တော်တွေမှာ အဆိုရှိပါတယ်။ (ဆရာရေ - ကျွန်တော်တော့ “ Google Map ” မှာကြည့်တာ ဒီကျွန်းတွေကို မတွေ့ပါဘူးလို့တော့ ကပ်တီးကပ်ဖဲ့မပြောနဲ့နော်။ လောကကြီးမှာ ကိုယ်မသိနိုင်သေးတာတွေ အများကြီး ရှိသေးတယ် လို့သာ ခံယူလိုက်ပါဗျာ။ တကယ်လည်း လောကကြီးအကြောင်းကို လူတွေသိတာကနည်းနည်းလေးပါ။ မသိတာက တကယ့်ကို အများကြီးပါ၊ ကိုယ့်မျက်စေ့နဲ့ မမြင်လို့သာ မရှိဘူးပြောရရင် နေ့စဉ်ရှုရှိုက်နေတဲ့ “လေ” ကိုကော မြင်ရလို့လား။ ဒါပေမယ့် “လေ” ရှိတယ်ဆိုတာတော့ လက်ခံတယ်မဟုတ်လား။ ဒီလိုဘဲပေါ့)

Saturday, November 15, 2008

ထီပေါက်တာ ကံကောင်းတာလား ၊ ကံဆိုးတာလား


ဒီခေါင်းစဉ်ကို ကြည့်ပြီး ဒီလူ့နှယ် ဘယ်လိုပါလိမ့်။ “ဂေါက်” များ ဂေါက်နေသလားလို့ ထင်ချင်ထင်မိမယ်။ ဟုတ်တယ်လေ။ ထီပေါက်ပါတယ်ဆိုမှ ကံကောင်းလို့ပေါက်တာပေါ့။ ကိုယ်ကိုယ်တိုင် ပင်ပင်ပန်းပန်းမရှာရဘဲ ဗြုန်းကနဲ ပိုက်ဆံတွေ သိန်း,သန်းချီပြီး ကိုယ့်လက်ထဲ ရောက်လာတာကိုမှ ကံကောင်းတာမဟုတ်ရင် ဘယ်ဟာကို ကံကောင်းတာလို့ ဆိုကြမလဲ။ ဒီလိုဘဲ ပြောကြမှပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ဒီလိုဘဲ ထင်ခဲ့ပါတယ်။ ထီဆုကြီးကြီး အရမ်းပေါက်ချင်လို့ ထီတွက်ကိန်းမျိုးစုံကို ဗေဒင်ကျမ်းအမျိုးမျိုးမှာ မွှေနှောက်ရှာဖွေ၊ နည်းတစ်နည်း နဲ့ တစ်နည်း ပေါင်းစပ်ကြည့်၊ နည်းသစ်တီထွင်ကြည့်နဲ့ (၄-၅-၆)နှစ်လောက် အချိန် ကုန်ခဲ့ဘူးပါတယ်။ ထီပေါက်ကိန်း ရှိ/ မရှိ နဲ့ ဆုပမာဏ ဘယ်လောက်ပေါက်မလဲ။ ဘယ်ဂဏန်းတွေကို ထိုးရမလဲ ဆိုတာကို တောင် ပရိုဂရမ် ရေးထားပါတယ်။ အခုကျွန်တော့်ဆီမှာ အဲဒီ ပရိုဂရမ် ရှိနေပါတယ်။ ဒီပရိုဂရမ်အတိုင်းတွက်ချက်ပြီး လက်တွေ့ပေါက်တဲ့ သူတွေလည်း ရှိပါတယ်။ သတင်းစာထဲမှာ ကြော်ငြာ ထည့်ဘူးပါတယ်။

Wednesday, November 12, 2008

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ


ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေးပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက် လုပ်ငန်းရှင်လေး တစ်ဦး ဖြစ်ခဲ့တော့ ဆိုတော့ ဒီဘာသာရပ်တွေကို တော်တော်လိုက်စားခဲ့ဘူးပါတယ်။ လက်ရိုး၊ လက်ဆန်း၊ သင်္ချာဗေဒ၊ ဟူးရား ဗေဒင် နည်းအမျိုးမျိုး၊ လမ်းအစုံစုံ နဲ့ နေ့မအိပ်၊ ညမအိပ်ကို တွက်ခဲ့ ချက်ခဲ့ဘူးပါတယ်။

အဲဒီတုန်းကတော့ဗျာ - ငယ်ရွယ်သူလည်းဖြစ် ၊ ကြီးပွားချမ်းသာချင်စိတ်ကလည်း အလွန်များခဲ့တော့ ကုန်ဈေးနှုန်း အတက် အကျ သာမက ယိုးဒယားချဲထီ တို့ ၊ ဘောလုံးပွဲတို့လည်း အသေအလဲတွက်ခဲ့တာပေါ့ဗျာ။ လုံးဝနီးပါး မှန်ကန်တဲ့ ဖော်မြူလာတစ်ခုတော့ ကျိန်းသေ ရှိရမယ်လို့ ယူဆခဲ့တာပေါ့။

ဒါပေမယ့် အမှန် နဲ့ အမှား ပိန်မသာ၊ လိမ်မသာဖြစ်ရုံကလွဲပြီး သူဌေးလည်း ဖြစ်မလာခဲ့ပါဘူး။ မှန်ကန်တဲ့ ရာနှုန်းက နည်းပါတယ်။ နောက်ပိုင်း မှားတာက ပိုများလာလို့ လက်လျော့လိုက်ရပါတယ်။

Thursday, November 6, 2008

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့ မြန်မာ့ရိုးရာလက်ဆန်း ဗေဒင်ပညာရပ်၊ နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်းထား သလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်သွားခဲ့ပါပြီ။

 



ရွေးကောက်ပွဲ မတိုင်မှီကတည်းက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကို တွက်ချက်ကြည့်ရင်းနဲ့ နိုင်ချေရှိတဲ့ အိုဘားရဲ့ မွေးဂဏန်းကို သင်္ချာဗေဒ (Numerology) ပညာနဲ့ လေ့လာကြည့်တဲ့အခါမှာ ထူးခြားချက်တွေ တွေ့လာရပါတယ်။

အမေရိကန်နိုင်ငံဟာ (၄) ဂဏန်း စိုးမိုးတဲ့ နိုင်ငံတစ်ခုလို့ပြောရင် မမှားပါဘူး။ လွတ်လပ်ရေးနေ့ဟာ ဂျူလိုင်လ (၄) ရက်ဖြစ်သလို၊ ဂျူလိုင်လ (၄) ရက်နေ့ဟာ ကရကဋ်ရာသီခွင်ဖြစ်လို့ မိဿရာသီကနေ စပြီးရေရင် (၄) ခုမြောက်ရာသီဖြစ်နေပြန်ပါတယ်။ တစ်ခါ အမေရိကန် လွတ်လပ်ရေးကြေငြာလိုက်တဲ့ ၁၇၇၆ ခုနှစ်ဟာလည်း ရာစုဂဏန်းဖြစ်တဲ့ ၁၇ ကို ဖယ်ထားပြီး ဆယ်စုနှစ်ဂဏန်းကို ပေါင်းလိုက်ရင် (၇+၆)=၁၃=၁+၃= (၄)ဂဏန်းဘဲ ရပါတယ်။