ဗေဒင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ compubaydathukhuma.com ကို တည်ထောင်ခဲ့တာ အခုဆိုရင် (၄)နှစ်ကျော် (၅)နှစ်ထဲ ရောက်လာပါပြီ။ ၀င်ကြည့်တဲ့ လူဦးရေပေါင်းကလည်း (၄)သန်းကျော် ရှိသွားပါပြီ။ (တကယ်အမှန်အကန်ပါ)
ဒီ (၄)နှစ်ကျော်အတွင်းမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတွေကတော့ “နည်းပညာ” ပြဿနာဘဲ ဖြစ်ပါတယ်။ ကျွန်တော်က “ဆရာတေးအေးရိပ်” မြှောက်ပေးလို့သာ blog တစ်ခု ထောင်ဖြစ်သွားတာ။ အွန်လိုင်း/အင်တာနက်/ဘလော့ဂ် နည်းပညာက လောက်လောက်လားလား ဘာမှ သိတာမဟုတ်ဘူး။ ဒါကြောင့် ပထမဆုံး blogspot မှာ ၀င်ရေးတယ်။ နောက်တော့ တစ်ယောက် BytheHost မှာ Free ရလို့ အဲဒီဘက် ပြောင်းပြန်တယ်။ ဒါပေမယ့် ၀င်ကြည့်တဲ့လူဦးရေက တစ်နေ့ကို (6000) ကျော်လောက်ဖြစ်လာတော့ Free ပေးနေတဲ့ BytheHost က အလကားမပေးတော့ဘူးဗျ။
