Friday, May 24, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

buddah

ကဆုန်လပြည့်နေ့ ဟာ အများသိကြတဲ့အတိုင်း မြတ်စွာဘုရား ဘုရားဖြစ်တော်မူတဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဘုရားလောင်း ဗျာဒိတ်ခံတဲ့နေ့ ၊ ဖွားမြင်တော်မူရာနေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူရာနေ့တွေကလည်း “ကဆုန်လပြည့်နေ့” တွေချည်းပါဘဲ။ ကဆုန်လပြည့်နေ့အကြောင်း ကျွန်တော် လင့်ခ်တစ်ခု ရှယ်ထားပါတယ်။ အဲဒီမှာ အပြည့်အစုံ ဖတ်ရှုကြပါကုန်။   https://www.facebook.com/youngbuddhistassociation.mm?hc_location=timeline
.
ကျွန်တော် အခုပြောချင်တဲ့ အကြောင်းလေးကတော့ “ဘုရားအနေကဇာတင်” တယ်ဆိုတဲ့ အကြောင်းလေးပါ။ ခုခေတ်တော့ မသိဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်တို့အရပ်ဒေသမှာ နှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့ရောက်ရင် (နှစ်တိုင်းမဟုတ်တောင်မှ) အိမ်က ဘုရားကို ဘုန်းကြီး ()ပါးလောက် ပင့်ပြီး အနေကဇာ” တင်ကြတဲ့အလေ့ ရှိကြတယ်။ အိမ်တိုင်းမဟုတ်ပေမယ့် အတော်များများ လုပ်လေ့ရှိကြတယ်။

နောက်ပြီး လူ့ဘ၀မှာ အိမ်ထောင်ပြု ၊ အိမ်ရာတည်ထောင်ကြတဲ့ အခါ ၊ အိုးသစ်အိမ်သစ်မှာ ဘုရားဆင်းတုအသစ်ကို တည်ထားကိုးကွယ်ရာမှာလည်း အနေကဇာ တင်ပြီးမှ ကိုးကွယ်မှုကို ပြုကြပါတယ်။ အနေကဇာတင်တယ် ဆိုတာဘာလဲ ? ။ ခုခေတ်လူငယ်တွေ သိသူလည်း ရှိ/ မသိသူလည်း ရှိပေမယ်။မသိသူများအတွက် ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။
——————————————————————————————-----------


Sunday, April 28, 2013

အပူဒဏ် ခံနိုင်စေသောနည်း

cool tea

ရာသီဥတုကတော့ တစ်နေ့ထက် တစ်နေ့ ပူပြင်းလာပါပြီ။ ရန်ကုန် နဲ့ မြန်မာပြည်အောက်ပိုင်း ဒေသတွေကတော့ တစ်ခါတစ်ရံ မိုးလေးဘာလေး အုံ့တော့ နည်းနည်း ခံသာသေးတယ်။
အညာဒေသတွေ ကတော့ မိုးရိပ်လေရိပ်လည်း မမြင် ၊ ရာသီဥတုကလည်း စင်တီဂရိတ် (၄၃-၄၅)လောက်နီးပါးလောက်ကို တက်နေတော့ “သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေးမကောင်းသူတွေ” တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။

ရန်ကုန်မှာလည်း ကိုယ့်အိမ်မှာဘဲ နေရင်တော့ သိပ်မသိသာဘူးပေါ့ဗျာ။ အပြင်ကို ကိစ္စရှိလို့ ထွက်မိလိုက်ရင် တက္ကစီ စီးရတာကိုက “ငရဲခံနေရသလား” မှတ်ရတယ်။ မီးပွိုင့်စောင့်နေရလို့ဖြစ်ဖြစ် ၊ Traffic Jam ဖြစ်နေလို့ဖြစ်ဖြစ် နေပူထဲကြာကြာရပ်နေရလေလေ ၊ အပူဒဏ်ကို သေမတတ်ခံရလေလေဘဲ။
ကိုယ်တောင် ဒီလောက် အပူဒဏ် ခံနေရတာဆိုရင် တစ်နေကုန် ကားမောင်းနေရတဲ့ တက္ကစီသမားတွေရဲ့ ဘ၀ကို စာနာမိတယ်။

Wednesday, April 17, 2013

မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ



## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

# ငွေကြေး

ဒီနှစ်မှာ တနင်္ဂနွေ သားသမီးအတော်များများ ငွေကြေးကံ ကောင်းကြပါလိမ့်မယ်။ အလုပ်အကိုင်တိုးတက်ပြီး ၀င်ငွေကောင်းလာတာမျိုး ၊ မမျှော်လင့်တဲ့ ငွေကြေးလာဘ်လာဘ ၀င်လာတာမျိုးတွေ ရှိမယ်။ စိတ်ကူးစိတ်သန်းကောင်း ၊ အကြံကောင်းဉာဏ်ကောင်းတွေ ၊ တီထွင်ဖန်တီးမှုတွေကနေ ငွေကြေးဓနဥစ္စာ တိုးတက်လာကိန်းရှိတယ်။ ပြောရရင် တနင်္ဂနွေသားသမီးအတော်များများအတွက်တော့ ဒီနှစ်ဟာ ငွေကြေးအတွက် စိတ်မပူရမယ့် နှစ်လို့ ပြောနိုင်တယ်။

Saturday, April 13, 2013

အရောင် (၉)ရောင် နှင့် စိတ်နေသဘောထား

colorwheel

အရောင်တွေမှာ မူလအခြေခံအရောင် (၃)ရောင် ရှိပါတယ်။ အဲဒါတွေက “အနီရောင် ၊ အ၀ါရောင် နဲ့ အပြာရောင်” တို့ဖြစ်ပါတယ်။ အဲဒီ (၃)ရောင်ကို ခရမ်း ၊ အညို ၊  အစိမ်း ၊  အနက် နဲ့ မီးခိုးရောင်တွေ ရအောင် ရောစပ်လိုက်တယ် ဆိုပါစို့။ အဲဒီတော့ အရောင်(၈)ရောင် ရပါတယ်။
ဒီအထဲမှာ မပါလို့ မရတဲ့ အရောင်ကတော့ “အဖြူရောင်” ပါဘဲ။ အမှန်ကတော့ “အဖြူရောင်” ဟာ (အရောင်မဲ့)ပါ။ Non Colour ဖြစ်ပေမယ့် သူ့မှာလည်း “အင်အား” ရှိတော့ မဖော်ပြလို့မရပါဘူး။
အဲဒီတော့ အထက်က အရောင် (၉)ရောင် တွေထဲမှာ သင်အကြိုက်ဆုံး နဲ့ မကြိုက်ဆုံး အရောင်ကနေ သင့်စိတ်နေသဘောထားကို ဖော်ပြပါလိမ့်မယ်။

တစ်ချို့အရောင်တွေကတော့ အမြဲတမ်း ကြိုက်တာ/မကြိုက်တာ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့် ကြိုက်တာ/မကြိုက်တာလည်း ဖြစ်လာတာ ရှိတတ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန် အပြောင်းအလဲ ဖြစ်ရပ် တစ်ခုခုနဲ့ ဆိုင်လာတတ်ပါတယ်။ တိုက်ဆိုင်မှု ရှိ/မရှိ ကြည့်ကြရအောင် . . .

Wednesday, February 20, 2013

ကျွန်တော် နှစ်သက်မိသော ပုံပြင်လေးတစ်ခု

154

ကျွန်တော်ငယ်ငယ်က ဂျပန်ရိုးရာ ပုံပြင်လေးတစ်ခု ဖတ်ဘူးတယ်။ သိပ်လည်း ကြိုက်ခဲ့တယ်။ အမြဲလည်း မှတ်မိနေတယ်။ အခု အသက်ကြီးလာတော့ ဒီပုံပြင်လည်းဟာ အဓိပ္ပါယ် ပိုရှိလာတယ်။ ပိုပြီး တွေးစရာတွေ ဖြစ်လာခဲ့တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။

ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

Tuesday, January 1, 2013

2013 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ

မိတ်ဆွေများခင်ဗျား
လေးစားစွာဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိဘလော့ဂ်ရှိ ဆောင်းပါးများကို ကူးယူအသုံးပြုမည်ဆိုလျှင် စိတ်ကြိုက် ကူးယူ အသုံးပြုနိုင်ပါသည်။ ကြိုတင် ခွင့်မတောင်းလျှင်လည်း ရပါသည်။
သို့သော် “လူ့ကျင့်ဝတ်” ကို လေးစားသောအားဖြင့်၎င်း ၊ မိမိကိုယ်ကိုယ် လေးစားသောအားဖြင့်၎င်း ၊ ဆောင်းပါးရေးသူအမည် “ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)” နှင့် မူရင်းလင့်ခ် http://compubaydathukhuma.com/ ကို ထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။
ယခုအခါ ဘလော့ဆိုဒ် အချို့၌၎င်း ၊ Facebook Page အချို့၌၎င်း ၊ မိမိ၏ “ကွန်ပျူဗေဒသုခုမ” မှ ဆောင်းပါးများကို ခွင့်တောင်းမှု မပြုသည့် အပြင် “ကိုယ်တိုင်ရေးသားထားသကဲ့သို့” ပြုလုပ်နေခြင်းများကို မိမိကိုယ်တိုင်လည်း တွေ့ရပါသည် ၊ မိတ်ဆွေများကလည်း အကြောင်းကြားခြင်းဖြင့် သိရပါသည်။
မိမိကိုယ်ကို နိုင်ငံကြီးသား ပီသပြီး အမျိုးကောင်း သားသမီးများ ဖြစ်သည်ဟု ယူဆပါလျှင် ထိုကဲ့သို့ လူအထင်သေးခံရမည့် အလုပ်မျိုးကို မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။
---------------------------------------------------------------------------------------------------
မိဿ ရာသီဖွားများ
Aries-2 (178 x 237)

Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။

Sunday, January 29, 2012

နဂါးနှစ် လာပြီ

.
ဒီဆောင်းပါးလေးကတော့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နေ့ (ဇန်န၀ါရီ-၂၃)ရက်နေ့ကတည်းက ရေးထားတာပါ။ ဗဟုသုတဆိုင်ရာ ဆောင်းပါးလေးပါဘဲ။ ဒါပေမယ့် ဆောင်းပါးကို နောက်နေ့ (၂၄)ရက်မှ တင်မယ်လုပ်ထားတာ (၂၄)ရက်နေ့မှာ မမျှော်လင့်ဘဲ ကျွန်တော့် ဘလော့ဂ် ဗြုန်းကနဲ ပိတ်သွားပါတယ်။

မြန်မာပြည်က ပိတ်တာမဟုတ်ပါ။ မူလ ဘလော့တင်ထားတဲ့ BlueHost Sever က ပိတ်လိုက်တာပါ။ ကျွန်တော်တင်မက ကျွန်တော့် ဆိုဒ်ပေါ်မှာ ကိုယ်ပိုင်ဝက်ဆိုဒ်ကလေးတွေ ကျွန်တော်က (Free) နေရာပေးပြီး တင်ပေးထားတဲ့သူတွေပါ ပိတ်သွားလို့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ BlueHost Sever က သူတို့ US Federal Law နဲ့ ညိလို့ဆိုလား ဘာလားဘဲ။ တိတိကျကျမသိပါဘူး။ မြန်မာ ၊ အီရန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယား ၊ ကျူးဘား . . စတဲ့နိုင်ငံတွေက US ဆာဗာမှာ တင်ထားတဲ့သူတွေကို ပိတ်ခိုင်းတာလို့ ဆိုတာဘဲ။