Sunday, June 28, 2009

(9) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

mars god

ကိုသိန်းဖေ။ ။ “ကြာပြီ ဆိုတော့ မေ့လောက်ပါပြီ၊ စိတ်မှာ ထင်ခဲ့တယ် . . . . အချစ်ဦးမို့ ယနေ့ထက် ထိအောင် ကိုယ်မမေ့ နိုင်သေးတယ် . . . ”

ကျွန်ုပ်။ ။ ဘယ်လို ဖြစ်တာလည်း ကိုသိန်းဖေ  ရ။  စိုင်းထီးဆိုင် သီချင်းလေး တအေးအေး နဲ့ပါလား။ ဘာတွေများ ဖီလင်တက်လာ ပြန်ပြီလဲ။

ကိုသိန်းဖေ။ ။  ဒီ အသက်အရွယ်ရောက်မှ ဘာဖီလင်မှ တက်စရာ မရှိပါဘူးဗျာ။ ဆရာကလည်း မရိပ်မိဘဲ ကိုး။ ဆရာ့ကို“စောင်းပြီး” ဆိုနေတာလေ။

ကျွန်ုပ်။ ။ အလို။ ဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ကျွန်တော် နဲ့ ဒီသီချင်းနဲ့ ဘာဆိုင်လို့လဲ ဗျ။

ကိုသိန်းဖေ။ ။ ဆိုင်ပါသကောဗျာ။ ဆရာ့ဟာ တော်ကြာ တရားရိပ်သာဝင်ရတာ နဲ့ တော်ကြာ ဘလော့ဂ် အပိတ် ခံရတာနဲ့။ ဆရာ့ စာတွေကို စောင့်ဖတ်တဲ့ သူတွေ မေးခွန်းတွေ မေးထားတဲ့သူတွေ စိတ်ထဲမှာ ဆရာတော့ ငါတို့ကို မေ့နေလောက်ပါပြီ လို့ ထင်စရာ ဖြစ်ကုန်ကြပြီ ဆရာရေ။ ဒါကြောင့် ဒီ သီချင်းကို စောင်းပြီး ဆိုတာ ဆရာ ရေ့။

Saturday, June 27, 2009

(8) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

eight-changes-the-trigrams-and-yin-and-yang 
ယနေ့သည် ကျွန်ုပ်နှင့် ကိုသိန်းဖေ တွေ့ဆုံနေကြနေ့ဖြစ်ပြီး ယနေ့ဆွေးနွေးမည့် အကြောင်း အရာ မှာ (8)ဂဏန်း သမားများ အကြောင်း ဖြစ်လေသည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ပို့စ်တွေ တင်တာ ကြဲသွားပါလား။

ကျွန်ုပ်။ ။ အေးဗျာ။ မေးခွန်းတွေကို ဟိုထဲဝင်မေး၊ ဒီထဲဝင်မေး ဖြစ်နေလို့ တစ်စုတစ်စည်းထဲ ဖြစ်အောင်ဆိုပြီး အမေး/အဖြေ ကဏ္ဍကို လုပ်လိုက်တာ ၀င်လာတဲ့ လူကို မနည်းဘူးဗျ။ ကျွန်တော် တစ်နေ့ကို ဖြေနိုင်တာက (၁၀)ယောက် လောက် ၊ ၀င်လာတာက အယောက် (၃၀)လောက် ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိပါဘူးဗျာ။ တစ်ဖက်ကလည်း ကိုယ့်ဝမ်းရေးအတွက် အလုပ်လုပ် ရသေးတယ် လေ။ ပို့စ်တွေလည်း မှန်မှန် မတင်နိုင်တော့ဘူး။ ဒီကြားထဲမှာ MRTV-4 မှာ ကျွန်တော့် ဘလော့ဂ်အကြောင်း ပါလာတယ် ပြောတာဘဲဗျ။ အဲဒါကြောင့်လား မသိဘူး။ ကျ , လိုက်တဲ့ လူတွေဗျာ။ စိတ်တောင် ညစ်စ, ပြုလာပြီ။ ဗေဒင် မဟောချင် ပါဘူးဆိုမှ မေးလိုက် ကြတာဗျာ။
.
ကိုသိန်းဖေ။ ။ အဲဒါကြောင့် “ကိုယ့်အတတ်၊ ကိုယ်စူး” ဆိုတဲ့ စကားပုံ ပေါ်လာတာပေါ့ဗျာ။ ကဲ- ဆရာ ရေ။ စိတ်ညစ်တာ နောက်မှ ညစ်။ ကျွန်တော်တို့ ပုံမှန် တင်ဆက်မှုလေး စ,လိုက်ကြရအောင်။

Friday, June 26, 2009

(7) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

.
ကျွန်ုပ်သည် ဘလော့ဂ်နှင့် ကင်းကွာနေသည်မှာ အတော်ကြာခဲ့လေပြီ။ ပို့စ် အသစ်များကိုလည်း မတင်နိုင် သည်မှာ ကြာလှပြီဖြစ်၍ ကျွန်ုပ် ဘလော့အား ပုံမှန် ၀င်ရောက် ဖတ်ရှုကြသူများကိုလည်း အားနာလှပါချေပြီ။ ကျွန်ုပ် ခရီးထွက်ရာမှ ပြန်ရောက်သည်ကြားသည်နှင့် ကိုသိန်းဖေလည်း အလျှင်အမြန် ရောက်ချ လာလေတော့ သည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ရိပ်သာ တစ်လလောက်ဝင်မယ်ဆိုပြီး အခု (၁၀)ရက်နဲ့ ပြန်ရောက်လာ သလား။ အိမ်လွမ်းတယ် ထင်ပါ့ဗျာ။

ကျွန်ုပ်။ ။ အေးဗျာ။ ပြောတော့ ကိုသိန်းဖေ ရေ။ ဖြစ်ပုံတော့ မပြောချင်ပါဘူး။ တရားအားထုတ်နေရင်း ကျန်းမာရေး ချို့ယွင်းလာလို့ (၁၀)ရက်နဲ့ဘဲ စခန်း သိမ်းခဲ့ ရတယ်ဗျာ။

ကိုသိန်းဖေ။ ။ သြော်- ဟုတ်လား။ သိပါဘူးဗျာ။ ကျွန်တော်က အိမ်လွမ်းလို့များ ချက်ခြင်း ပြန်လာသလားလို့။

ကျွန်ုပ်။ ။ အိမ် သံယောဇဉ်က ဒီလောက်မဟုတ်ပါဘူးဗျာ။ တကယ်တော့ အလုပ် သံယောဇဉ်က ပိုများတယ်။ ပြီးတော့ အခုလုပ်ထားတဲ့ ဘလော့ရဲ့ သံယောဇဉ် ကလည်း မနည်းပေဘူးဗျ။ ဒီသံယောဇဉ် တွေကို မဖြတ်နိုင်သရွေ့တော့ သံသရာက ရှည်ဦးတော့မှာဘဲပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါပြီဗျာ။ ကဲ-ဆရာ ရေ။ ကျွန်တော်တို့ တနင်္ဂနွေ စကားဝိုင်းလေးကိုလည်း မျှော်တဲ့သူတွေ မျှော်နေကြလောက်ပြီ။ စ, လိုက်ကြအောင်လားဗျာ။ ဒီတစ်ပတ်ကတော့ (7)ဂဏန်းသမားတွေရဲ့ အလှည့်မဟုတ်လားဗျာ။

ကျွန်ုပ်။ ။ ဟုတ်ပါတယ်ဗျာ။ (7)ဂဏန်းရဲ့ ထူးခြားဆန်းကြယ်မှုလေးတွေနဲ့ စ,လိုက်ကြရအောင်လားဗျာ။

Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း


(လူသားအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်လောက်ဘဲ နာမည်ကြီးကြီး၊ ချမ်းသာချမ်းသာ၊ သြဇာ ကြီးကြီး နောက်ဆုံးမှာတော့ ကျွန်တော့်လိုဘဲ “မရဏ” ဆိုတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာ သတိရပြီး နေရစ် ခဲ့ကြပါ။ ကျွန်တော်ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု တွေကို ဘာတစ်ခုမှ ယူမသွား နိုင်ခဲ့ပါဘူး။
အားလုံးထားရစ်ခဲ့ရပါတယ်။ ကျွန်တော် ယူသွား နိုင်တာကတော့ ကျွန်တော်လုပ်ခဲ့တဲ့ “ကုသိုလ် နဲ့ အကုသိုလ်” ဆိုတဲ့ အရာ(၂)ခုတည်းပါ။ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ကျွန်တော့်ရဲ့ ကုသိုလ် နဲ့ အကုသိုလ်ကို ချိန်ခွင်လျှာတင်ပြီး အစစ်ဆေးခံရပါဦးမယ်။ ကောင်းကင်ဘုံ မှာဘဲ နေခွင့်ပြုမလား၊ ငရဲဘုံကို အပို့ခံရမလားဆိုတာ ကျွန်တော် မသိသေး ပါဘူး။
ဘာမှ ရေရာမှုမရှိတဲ့ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူတိုင်းလူတိုင်း ကြုံတွေ့ရမယ့် “သေခြင်းတရား”ကို အမြဲအမှတ်ရ နေကြပြီး၊ တမလွန်မှာ ကိုယ်နဲ့အတူ အမှန်တကယ်ယူဆောင်သွားရမယ့် ကုသိုလ်တရားကိုသာ များများယူသွားနိုင်အောင် ကြိုးစားပြီး နေရစ်ခဲ့ကြပါတော့ ခင်ဗျား။ – - – (မိုက်ကယ်ဂျက်ဆင်))
.
ဒီကနေ့နံနက်သတင်းမှာ Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်တော့ စိတ်မကောင်းခြင်း နဲ့အတူ “နာမည်ပက္ခတ်မိနေသူ” ကမ္ဘာကျော် တစ်ဦးတော့ သွားရှာပြန်ပေါ့လို့လည်း သံဝေဂရလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Discovery Channel မှာ သရုပ်ဆောင်လူစွမ်းကောင်းတစ်ဦးဖြစ်တဲ့ “စတိအာဝင်” ကွယ်လွန်သွားခဲ့စဉ်ကလည်း ဒီလိုဘဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

Thursday, June 25, 2009

(6) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

 
အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။ ဒီတစ်ပတ်အတွက်တော့ (6)ဂဏန်းသမားများ အကြောင်းကို  စ , လိုက်ကြရ အောင်လားဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ ကျွန်တော်လည်း ဆရာက ခရီးသွားမယ်ဆိုတော့ တော်တော် ကသိကအောက် ဖြစ်သွားတယ်ဗျာ။ အခု ဆရာဖုန်းဆက်ခေါ်လို့ ကျွန်တော် ပြေးလာ ခဲ့ရတာ။ ကျွန်တော်ကလည်း (6)ဂဏန်းသမားဆိုတော့ ကျန်တဲ့ဂဏန်း တွေထက် ပိုသိချင်နေတာလေ။

ကျွန်ုပ်။ ။ အေးဗျာ။ ကျွန်တော့်မှာလည်း တစ်ဖက်မှာ အသက်မွေးဝမ်းကျောင်းအတွက် အချိန်ပေးရ၊ ဒီကြားထဲမှာ “ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်” ဆိုတာလို အချိန်မရွေးကျရောက်လာနိုင်တဲ့ “သေခြင်းတရား” ကို နှလုံးသွင်းပြီး နေ့စဉ်အားထုတ်နေတဲ့ ၀ိပဿနာ အလုပ်ကလည်းရှိနေတော့ ဒီဘလော့လေး ရှင်သန်နေဖို့ တော်တော် အချိန်လုပြီး လုပ်နေရတယ်ဗျာ။ ကျွန်တော်မကွယ်လွန်မှီ အတွင်း ကိုယ်သိသမျှ တတ်သမျှ လေးတွေကို ချန်ထား ခဲ့ချင်လို့ပါ။

Wednesday, June 24, 2009

(5) ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Hermes
.
ယခုတပါတ်တနင်္ဂနွေသည့် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျ လာသောနေ့ ဖြစ်သောကြောင့် ယနေ့တွင် (5)ဂဏန်းသမားများအကြောင်း ဆွေးနွေးကြရန် ကျွန်ုပ်နှင့် ကိုသိန်းဖေ တို့ စကားဆိုခဲ့ကြပြီး ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ စကားဝိုင်းကို အစပြုလိုက် ရပေတော့သည်။

ကျွန်ုပ်။ ။ ကဲ- ကိုသိန်းဖေရေ။ ဒီနေ့တော့ (5)ဂဏန်းသမားတွေအကြောင်း ဆွေးနွေးကြမယ်မဟုတ်လားဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ (5)ဂဏန်းနဲ့ပတ်သတ်ပြီး ဆရာ့အမြင်၊ အတွေ့အကြုံလေးတွေကို ပြောပြပါဦးဗျာ။

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ (5)ဂဏန်းဟာ သင်္ချာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတဲ့ဂဏန်းဗျ။ ဗုဒ္ဓဟူးဂြိုဟ်ကို အင်္ဂလိပ်လို Mercury လို့ခေါ်တယ်။ ဂရိ ဒဏ္ဍာရီတွေမှာတော့ “ဟားမီးစ်” လို့ခေါ်တဲ့ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော် နတ်သားဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမှတ်အသားပေါ့ဗျာ။ နောက်တစ်ခု က ပြဒါးကိုလည်း မာကျူရီလို့ဘဲခေါ်တယ်။ ပြဒါးဆိုတာ အဂ္ဂိရတ်သမား တွေအတွက်တော့ အင်မတန် အရေးကြီးတဲ့ ဒြပ်စင်တစ်မျိုးပေါ့ဗျာ။ ကြားဘူးမှာပေါ့ဗျာ။ ” သံ,သေ၊ တစ်ဆွေဝ၊ ပြဒါးသေ တစ်ပြည်ဝ” တဲ့။

Tuesday, June 23, 2009

(4) ဂဏန်းသမားများအကြောင်း တစေ့တစောင်း


အမေရိကန်နိုင်ငံ , အိုဘားမားနဲ့ (4)ဂဏန်း အကြောင်းကို ရေးပြီးတော့ (4)ဂဏန်း အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက် တယ်ဗျာ။ ဗဟုသုတပေါ့။

(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။

လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။