Thursday, January 7, 2010

(၀)ကြွင်း မဟာဘုတ်များ၏ ယေဘူယျ ၀ိသေသလက္ခဏာများ


(၀)ကြွင်းသမားတွေဟာ အကြမ်းဖျဉ်းပြောရရင် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အားနည်းပျော့ညံ့ ကြသူတွေ များပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် မှုဘက်မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်နုတယ်။ စိတ်ထိခိုက် လွယ်တယ်။ ၀မ်းနည်းလွယ်တယ်။ မျက်ရည် ကျလွယ်တယ်။ ကိုယ့်ကို မကောင်းပြောခံရရင် တနုံ့နုံ့ တွေးပြီး စိတ်ဆင်းရဲ နေတတ်တယ်။ လောကဓံ တရားကို သိပ်ခံနိုင်ရည် မရှိတတ်ကြဘူး။ စိတ်ဆတ်ပြီး ကိုယ့်ကိုယ်ထိပါး ပုတ်ခတ်လာရင် ချက်ခြင်း တုန့်ပြန်တတ်ကြသူများ ဖြစ်ကြတယ်။ 

တစ်ချို့ (၀)ကြွင်းဖွား တွေဟာ ဒေါသသိပ်ကြီးတတ်ကြပြီး အမှားတွေ လုပ်မိကာ နောက်မှ နောင်တ ရတတ် ကြတာမျိုး တွေ ဖြစ်တတ်ပါတယ်။
(၀)ကြွင်းတွေဟာ များသောအားဖြင့် စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ်မှာ သနားကြင်နာ လွယ်သူတွေ ဖြစ်ကြပေမယ့် စိတ်နုတာ၊ မခံချင်စိတ် ကြီးမားလွယ်တာ၊ အထင်လွဲလွယ်တာ၊ သဘောထားမကြီးတာ တွေဟာ အားနည်းချက်တွေ ဖြစ်နေတတ်တယ်။

Wednesday, January 6, 2010

(၆)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက် မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။

(၆)ကြွင်းဟာ အကြွင်း (၇)ခုထဲမှာ ဘဝလောကဓံလှိုင်း အများဆုံးရိုတ်ခတ်ခံရတဲ့ အကြွင်းတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ (၆)ကြွင်းတွေဟာ မွေးလာပြီဆိုကတည်းက ဘဝလောကဓံနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ တစ်ချို့ဆိုရင် ကိုယ်ဝန်ရှိစဉ် အခါကတည်းက မိခင်၊ ဖခင်ဖြစ်သူများမှာ အိမ်ထောင်ရေး၊ စီးပွားရေး တွေ အဆင်မပြေကြပါဘူး။ သူတို့ မွေးဖွားလာတဲ့အချိန် (သို့မဟုတ်) မွေးဖွားပြီး မကြာချိန်မှာဘဲ မိဘတွေမှာ လောကဓံလှိုင်းနဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။ စီးပွားကျ၊ ရာထူးကျမယ်၊ အိမ်ထောင်ကွဲမယ်။ ကိုယ်ကိုယ်တိုင် ကျန်းမာရေး ထိခိုက်ကြမယ်။ အရွယ် ရောက်လာရင် ရန်သူများမယ်။ အတိုက်အခံများမယ်။ လုပ်ကြံချောက်တွန်းမယ့်သူများမယ်။ ဒါတွေဟာ (၆)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

Tuesday, January 5, 2010

(၅)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၅) ဖြစ်ပါက (၅)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၅)ကြွင်းဖွားတွေကတော့ အကြွင်းအားလုံးထဲမှာ နဲနဲ ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာတည်ဆောက်ပုံအရ အရပ်အမောင်း သိပ်မြင့်မား တာ မတွေ့ရတတ်ဘူး။ အသက် (၄ဝ) ကျော်လာရင် ကိုယ်ခန္ဓာ ဝဖြိုးလာတတ် တယ်။ များသောအားဖြင့် ဥပတိရုပ် ကောင်းကြတယ်။ ရုပ်ချောတာ၊ မချောတာ ထက် ခန့်ညားမှုရှိပြီး လူအထင်ကြီးလွယ်တတ်တဲ့ ဥပတိရုပ်မျိုးတွေ ရှိတတ်တယ်။ (ချွင်းချက်= အသက် (၄ဝ)ကျော်လို့မှ ဝဖြိုးမှု ရှိမလာတဲ့ (၅)ကြွင်းဖွားများဟာ ကျန်းမာရေးထိခိုက်မှုသော်၎င်း ၊ စီးပွားရေး အဆင်မပြေမှုသော်၎င်း ဖြစ်နေကြတာကို အတွေ့ရများတတ်ပါတယ်)

Monday, January 4, 2010

(၄)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၄)ကြွင်းဖွားမှန်ရင် လူမှုဆက်ဆံရေး ကောင်းမယ်။ ပါးနပ်လိမ္မာမယ်။ အပေါင်း အသင်းဆန့်မယ်။ လူသိ အလွန်များတယ်။ ဘယ်လို လူမျိုးနဲ့မဆို ပေါင်းနိုင် သင်းနိုင်တယ်။ စကားပြောလည်း အလွန် လိမ္မာပါးနပ်မယ်။ လူကဲခပ် အလွန် ကောင်းတယ်။ လူကောင်းလူဆိုး ချက်ခြင်း သိနိုင်စွမ်းရှိတတ်တယ်။ ဖြောင်းဖြ ပြောဆိုတတ်တယ်။ 

Sunday, January 3, 2010

(၃)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၃) ဖြစ်ပါက (၃)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါ က (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၃)ကြွင်းဖွားများသည် မြင့်မားသော ဥပတိရုပ်နှင့် ကြည့်ပျော်ရှုပျော် ရှိကြသော ရုပ်အဆင်းကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် လူအများအကြား တွင် သိသာထင်ရှား ပေါ်လွင်သော ဥပတိရုပ် နှင့် အဆင်းသဏ္ဍန်မျိုး ရှိတတ်ကြသည်။ ဆန့်ကျင်ဘက် လိင် များကို ဆွဲဆောင်နိုင်စွမ်းရှိကြသည်။ အမြဲသွက်လက် ဖြတ်လတ်နေကြသူများ ဖြစ်ပြီး စိတ်အားထက်သန်မှု အလွန် မြင့်မားကြသည်။ 

တိုးတက်ကြီးပွားလိုစိတ် ပြင်းထန်ပြီး အလုပ်ကို မနေမနား လုပ်ကိုင်နိုင်စွမ်း ရှိကြသူ များလည်း ဖြစ်ကြသည်။
(၃)ကြွင်းဖွားများ၏ ငယ်စဉ်ဘဝသည် ခက်ခဲကြမ်းတမ်းကြသည်က ပိုများသည်။ သူတို့ မွေးဖွားလာကြချိန်တွင် မိဘာများ အိမ်ထောင်ရေး ပဋိပက္ခဖြစ်နေချိန်မျိုးသော်၎င်း၊ စီးပွားရေး အဆင်မပြေဖြစ်နေကြချိန်များ ဖြစ်တတ်ကြသည်။ အချို့မှာ မိခင်၊ ဖခင်များ မစုံလင်တော့ဘဲ မိတစ်ကွဲ ဘတစ်ကွဲ ဖြစ်နေတတ်ကြသည်။ မိမိမွေးဖွားပြီး နှစ်အနည်းငယ်အတွင်း မိဘ တစ်ဦးဦး ကွယ်လွန်သွားသော (၃)ကြွင်းများကိုလည်း အများအပြားတွေ့ရတတ်သည်။

Saturday, January 2, 2010

(၂)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၂)ဖြစ်ပါက (၂)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်ကို မသိပါက ကိုယ်မွေး သော ခရစ်ခုနှစ်ထဲမှ (၆၃၈) ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရပါသည်။ အကယ်၍ ကိုယ့် မွေးရက် မွေးလသည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်လျှင် (၁)တိုးပြီး (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်းမွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 

(၂)ကြွင်းဖွားများသည် ခန့်ငြားပေါ်လွင်သော ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ် သည်။ များသောအားဖြင့် အရပ်အမောင်းမြင့်မားပြီး မျက်လုံးအကြည့် စူးရှ တောက်ပြောင် သည်။ လူချစ်လူခင်များတတ်ပြီး အပေါင်း အသင်း မိတ်ဆွေ ပေါများတတ်သည်။ မိမိ မိတ်ဆွေအပေါင်းအသင်းများပေါ်တွင် အလွန်အနစ်နာ ခံပြီး ပေါင်းသင်းတတ် လေသည်။
(၂)ကြွင်းဖွားများသည် လူတိုင်းအတွက် အပေါင်းအဖော်ကောင်း၊ မိတ်ကောင်းဆွေကောင်းများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့သည် ခေါင်းမာသည်။ တစ်ယူသန်ဆန်သည်။ သူတစ်ပါး၏ အကြံပြုချက်များကို လက်မခံတတ်ဘဲ မိမိအယူအဆကိုသာ ရှေ့တန်းတင် လိုကြသူများဖြစ်ကြသည်။ မိမိလုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည်။ တတ်သိနားလည်သူတို့၏ အကြံပေးချက်ကို လိုက်နာမှုမရှိဘဲ မိမိအယူအဆအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်မှုကြောင့် ဘဝတွင် ဆုံးရှုံးမှု နှင့် အမှားများ မကြာခဏ ကြုံရတတ်သည်။

Friday, January 1, 2010

(၁)ကြွင်း မဟာဘုတ်ဖွားများ၏ ယေဘူယျဝိသေသလက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၁) ဖြစ်ပါက (၁)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ(၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရရှိပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈) ဂဏန်းကို နုတ်ရပါမယ်။

(၁)ကြွင်းဖွားများသည် ရုပ်ပိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ပုံစံမျိုး ရှိတတ်သည်။ ကိုယ်ခန္ဓာသည် လေးဒေါင့်ဆန်ပြီး ကျယ်ပြန့်သော ပုခုံးပြင်များ၊ အနည်းငယ် တိုတောင်းဟန်ရှိသော ခြေတန် လက်တန်များ ရှိတတ်သည်။ အသားအရေ ကြမ်းတမ်းတတ်သည်။ (အကယ်၍ ကိုယ်ခန္ဓာ ပိန်ပါးလျှင် ကျန်းမာရေး မကောင်းတတ်ပါ) စကားပြောလျှင် အသံကို ကျယ်လောင်စွာ ပြောတတ်သည် (Tone မြင့်သည်)။ 

စကားကို ကွေ့ဝိုက် မပြောတတ်ဘဲ လိုရင်း တိုရှင်း ပြောတတ်သည်။ စကားပြော တိုတောင်းသည်။ မာန်မာနကြီးသည်။ သည်းခံစိတ်နည်းပါးသည်။ မိမိအမှားကို ဝန်ခံရန် ဝန်လေးတတ်သည်။ သူတပါးကို အောက်ကြို့လိုစိတ်မရှိ။ အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်လိုသည်။ သူတစ်ပါး ဝင်ရောက် စွက်ဖက်သည်ကို မကြိုက်တတ်ပါ။