Wednesday, February 11, 2009

အင်တူ လက်မျှ ၊ နဂိုပ


မြန်မာတို့ရဲ့ ဓလေ့ရိုးရာတွေထဲမှာ နှစ်သက်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ကိန်းဂဏန်း တွေကို မှတ်သားတဲ့နေရာမှာ “လင်္ကာ” လေးတွေနဲ့ မှတ်သားကြခြင်းဖြစ်ပါတယ်။ “ဥသြအော်မည်၊ ကုန်းဘောင်တည်” ဆိုတာ ၁၁၁၅ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင် ခဲ့တာကို မှတ်သားခဲ့ကြတာဖြစ်ပါတယ်။
လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း” ဆိုပြီး ပုဂံပြည်မှာရှိခဲ့တဲ့ စေတီပုထိုးပေါင်းဟာ ၄၄၄၆၇၃၃ခု ရှိတယ်ဆိုတာကို လင်္ကာနဲ့မှတ်သားကြတာ ဖြစ်ပါတယ်။ “ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်”ဆိုပြီးတော့လည်း ၁၂၄၇ ခုနှစ်မှာ သီပေါမင်း ပါတော်မူပြီး မြန်မာ့ထီးနန်းဆက် ပျက်သုန်းသွားတာကို မှတ်သားကြတာဖြစ်ပါတယ်။ ဒီလိုမှတ်သားနိုင်ဖို့-
.
တနင်္ဂနွေ (အ၊ဥ) ဆိုရင် (၁)ဂဏန်း

Monday, February 9, 2009

ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဟူးရားဗေဒင် (မဟာကာလကြီး) (၁)

astro clock
.
ဟူးရားဗေဒင်ဆိုတာ မွေးသက္ကရာဇ်၊ မွေးနေ့၊ မွေးချိန်မလိုဘဲ လက်ရှိ ရောက်နေတဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဇာတာဖွဲ့၊ လက်တပ်ပြီး ဟောပြော တဲ့ပညာဖြစ်တယ်။ အင်္ဂလိပ်ကို (Horary Astrology) လို့ ခေါ်ပါတယ်။ Hora ဆိုတာ Hour (နာရီအချိန်) ကနေ ဆင်းသက် လာတာ ဖြစ်တယ်။ လက်ရှိအချိန်နာရီကို မူတည်ပြီး ဇာတာဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဒီလို တွက်ချက် ဟောပြောတဲ့ ပညာရပ်ကို “ဟူးရားဗေဒင်ပညာ” လို့ ခေါ်ဆို ကြတာဘဲ ဖြစ်ပါတယ်။
.
အခြားဗေဒင်ပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် ဟူးရားဗေဒင်မှာ ချစ်စရာ ကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ဟူးရားဗေဒင် တွက်မယ်ဆိုရင် မွေးနေ့ မွေးသက္ကရာဇ် မလိုလို့ပါ။ ဒါကလည်း ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်တော့ရဲ့ ဇာတိက အထက်အညာ၊ တောအရပ်ဒေသ ဖြစ်တဲ့အတွက် ဒီဒေသနေသူအများစုဟာ ကိုယ် ဘာနေ့ သားသမီး ဆိုတာ လောက်ဘဲ သိကြပြီး မွေးတဲ့ရက်၊ လ၊ နာရီ အတိအကျ မသိကြတာက များပါတယ်။ ဒီကိစ္စဟာ ဗေဒင်ပညာလိုက်စားခါစ ကျွန်တော့်အတွက် အခက်အခဲ အလွန်တွေ့စေ ပါတယ်။